宋冉

အန်တီဂွနှင့်ဘာပူဒါဘုရင်ခံက တရုတ်ဆက်ဆံမှုကို ချီးကျူး

(GMT+08:00)2019-05-24 15:20:42  

အန်တီဂွနှင့်ဘာပူဒါဘုရင်ခံ ရိုဒ်နီ ဝီလျန်စ်က ယခုလ ၂၃ရက်နေ့က ဘုရင်ခံအိမ်တော်၌ တာဝန်အသစ်ထမ်းဆောင်ခဲ့သော အန်တီဂွနှင့်ဘာပူဒါဆိုင်ရာတရုတ်သံအမတ်ကြီး စွမ်အန်မှ သံအမတ်ခန့်အပ်လွှာကို လက်ခံပြီး အန်တီဂွနှင့် ဘာပူဒါ-တရုတ်နှစ်နိုင်ငံဆက်ဆံမှုသည် နိုင်ငံကြီးနှင့် နိုင်ငံငယ်အကြား အပြန်အလှန် ရိုသေလေးစားပြီး တန်းတူရည်တူရှိကာ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေသောဆက်ဆံရေး စံနမူနာစိုက်ထူနေကြောင်း၊ အန်တီဂွနှင့်ဘာပူဒါသည် တရုတ်ပြည်နှင့်ဆက်ဆံမှုကို အလွန်အလေးထားပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။