刘晓宇

၁၄ကြိမ်မြောက် ပီကင်းနိုင်ငံတကာ ယဉ်ကျေးမှု ဆန်းသစ်တီထွင်ရေးလုပ်ငန်း ကုန်စည်ပြပွဲ ကျင်းပမည်

(GMT+08:00)2019-05-24 14:52:44  

        ၁၄ကြိမ်မြောက် ပီကင်းနိုင်ငံတကာ ယဉ်ကျေးမှု ဆန်းသစ်တီထွင်ရေး လုပ်ငန်း ကုန်စည်ပြပွဲကို မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ပီကင်းမြို့၌ ကျင်းပတော့မည်။ ကုန်စည်ပြပွဲ စည်းရုံးကျင်းပရေးကော်မတီရုံး ဒုဥက္ကဋ္ဌ လင်းဘင်းက ယခုအကြိမ် ကုန်စည်ပြပွဲတွင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီစသည့် နိုင်ငံနှင့် ဒေသ ၈၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်မှာဖြစ်ပြီး ပြည်တွင်းပြည်ပမှ လုပ်ငန်းကုမ္ပဏီ ၇၀၀ ကျော် တက်ရောက်မည်ဖြစ်ကြောင်း ယခုလ ၂၃ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။