邹立莹

၂၀၁၉ခုနှစ် ကနေဒါ ကျူးလစ်ပင်ပွဲ “ တရုတ်နေ့”လှုပ်ရှားမှုပွဲ ကျင်းပ

(GMT+08:00)2019-05-24 15:29:43  

      တရုတ်နိုင်ငံပီကင်းမြို့ နှင့် က​နေ​ဒါနိုင်ငံ အော့တ၀ါမြို့ ချစ်ကြည်ရင်းနှီးမှု မိတ်ဆွေကောင်း မြို့အဖြစ်သတ်မှတ်သည့် နှစ် ၂၀ပြည့် အထိမ်းအမှတ် ဂုဏ်​ပြုပွဲသို့ ကနေဒါ ဆိုင်ရာ တရုတ်သံရုံး၊ အော့တ၀ါမြို့အစိုးရ၊ က​နေ​ဒါနိုင်ငံကျူး​လစ်​ပင်ပွဲ စည်းရုံးရေး သောကော်မတီ၊  Toronto မြို့ ဆိုင်ရာ တရုတ်ခရီးသွားလာရေးရုံး စသည့် ဌါနများ ပူးပေါင်းပြီး ၂၀၁၉ခုနှစ် က​နေ​ဒါ ကျူး​လစ်​ပင်ပွဲ “ တရုတ်နေ့”လှုပ်ရှားမှုကို အော့တ၀ါမြို့၌ ယခုရက်ပိုင်းက ကျင်းပခဲ့ကြောင်း၊ က​နေ​ဒါဆိုင်ရာ တရုတ်သံအမတ်ကြီး လူရှားယေ၊ အော့တ၀ါမြို့ ဒုမြို့​တော်​ဝန်၊   က​နေ​ဒါ လွှတ်​တော်အ​မတ်၊ ဒေသခံအလွှတ်ပေါင်းစုံမှ ကိုယ်စားလှယ်နှင့်ကနေဒါဆိုင်ရာ နိုင်ငံအသီးသီးမှ သံတမန်အရာရှိ တစ်ရာကျော် ၄င်းပွဲသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။