张晓宁

နိုင်ငံစုံစစ်ရေးလေ့ကျင့်ပွဲကို တူရကီနိုင်ငံတွင် ကျင်းပ

(GMT+08:00)2019-05-24 15:23:55  

“Erciyes-၂၀၁၉”အမည်ပေးထားသည့် နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို ယမန်နေ့ ၂၃ ရက်နေ့က တူရကီနိုင်ငံအလယ်ပိုင်း ကေဆယ်ရီပြည်နယ်၌ကျင်းပပြီးစီးခဲ့ကြောင်း တူရကီ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၏ ဝက်ဆိုက်မှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်း ဌာနက ရေးသားဖော်ပြပါသည်။

ယခုအကြိမ်စစ်ရေးလေ့ကျင့်ပွဲကို မေလ ၆ ရက်နေ့မှစ၍ စတင်ခဲ့ပြီး တူရကီနိုင်ငံက ဦးစီးကျင်းပကာ အာဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ ရိုမေးနီးယား၊ အမေရိကန်၊ အီတလီ၊ ကါတာနှင့် ပါကစ္စတန်စသည့်နိုင်ငံများမှ တပ်သား ၈၉၅ဦး ပါဝင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။