徐敏霞

တရုတ် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည် ကျန်းမာရေးလုပ်ငန်း အောင်ကျိုးရလဒ်များ ရှင်းလင်း ပြောကြား

(GMT+08:00)2019-05-20 09:30:49  

၇၂ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး အစည်းအဝေးသို့ တက်ရောက်တော့မည့် တရုတ် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ယခုလ ၁၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ အတွင်း ကျန်းမာရေးလုပ်ငန်းတွင် ကြီးမားသော အောင်ကျိုးရလဒ်များနှင့် နိုင်ငံတကာ ကျန်းမာရေးလုပ်ငန်း စီမံခန့်ခွဲမှုတွင် အကျိုးပြု စွမ်းဆောင်မှု ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့က၊ တရုတ်အစိုးရသည် ပြည်သူတစ်ရပ်လုံး အခြေခံ ဆေးဝါးကုသရေး ဝန်ဆောင်မှု ခံစားစေရေး အတွက် ကြိုးပမ်းဆောင်ရွက်ရန် ရည်မှန်းချက် အဖြစ် အစဉ်တစိုက် ထားရှိနေကြောင်း၊ နိုင်ငံတော်၏ လက်တွေ့ အခြေအနေနှင့် ကိုက်ညီသော ကျန်းမာရေး ဖွံ့ဖြိုးမှု လမ်းကြောင်းကို တက်ကြွစွာ စူးစမ်းရှာဖွေပြီး အရေးကြီး တိုးတက်မှုများ ရရှိသည့် တစ်ချိန်တည်းတွင် ကမ္ဘာ့ ကျန်းမာရေး စီမံခန့်ခွဲရေး လုပ်ငန်း အတွက်လည်း တရုတ် အတွေ့အကြုံနှင့် တရုတ် အင်အားကို အကျိုးဆောင်ပေးခဲ့ကြောင်း ပြောကြားပါသည်။

၇၂ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး အစည်းအဝေးကို ယခုလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဂျီနီဗာမြို့၌ ကျင်းပမည်ဟု သတင်းရရှိပါသည်။ (ကျော့)