“အာရှတိုက် အစားအစာများ ယဉ်ကျေးမှုကို မျှဝေခံစားပြီး ယဉ်ကျေးမှု အပြန်အလှန် အတုယူမှုကို တွန်းအားပေးရေး”ခေါင်းစဉ်ဖြင့် အာရှ စားကောင်းသောက်ဖွယ်များ ပွဲတော်ကို ကွမ်ကျူးမြို့၌ ကျင်းပနေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
အာရှယဉ်ကျေးမှုပွဲတော်၏ လှုပ်ရှားမှုတစ်ရပ်အနေနဲ့ အာရှ အစားအစာများဆိုင်ရာ လှုပ်ရှားမှု ၅မျိုး၊ ၄၂ ရပ် ကို ကွမ်ကျူးမြို့၌ ပြုလုပ်ပြီး အာရှ အစားအစာများ၏ အမျိုးမျိုးအဖုံဖုံရှိရေးနှင့် ဆက်ခံရေးကို ဘက်စုံပြသထားကာ အစားအစာများဖြင့် အာရှယဉ်ကျေးမှု အပြန်အလှန် အတုယူမှုအတွက် ချစ်ကြည်ရေးတံတား တည်ဆောက်ပေးကြောင်း သတင်းအရ သိရပါသည်။