徐敏霞

အာရှ ယဉ်ကျေးမှု၏ နိုင်ငံတကာ၌ သြဇာညောင်းမှု ဖိုရမ် ပီကင်း၌ ကျင်းပ

(GMT+08:00)2019-05-16 09:34:41  

အာရှ ယဉ်ကျေးမှု၏ နိုင်ငံတကာ၌ သြဇာညောင်းမှု ဖိုရမ်ကို ယခုလ ၁၅ ရက်နေ့ ညနေပိုင်းက ပီကင်း၌ ကျင်းပခဲ့ရာ နိုင်ငံအသီးသီးမှ ဧည့်သည်တော်များသည် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေး ဝန်ကြီး ဂျော်ကန်နာရစ်က၊ မတူခြားနားသော ယဉ်ကျေးမှုများအကြား အပြန်အလှန် နားလည်မှုကို အားသစ်လောင်းပေးသင့်ကြောင်း၊ သို့ဖြစ်၍ အခြားသော ယဉ်ကျေးမှုများကို ပိုမို တန်းတူညီမျှစွာ သဘောထားနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

စင်ကာပူ အစိုးရတက္ကသိုလ် ပါမောက္ခ စွန်ယုံညဏ်က၊ ယဉ်ကျေးမှု တစ်မျိုး ရှင်သန် လိုပါက အခြားယဉ်ကျေးမှုများနှင့် မရှိမဖြစ် အပြန်အလှန် ကိုးကားလေ့လာရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ (ကျော့)