徐敏霞

ချိုရှိ မဂ္ဂဇင်းတွင် ဖွံ့ဖြိုးမှု အတွေးအခေါ်ကို နက်ရှို်င်းစွာ နားလည်သိရှိခြင်း ခေါင်းစဉ် ဖြစ်သည့် ရှီကျင့်ဖိန်၏ ဆောင်းပါး ထုတ်ပြန်

(GMT+08:00)2019-05-16 10:17:33  

ယခုလ ၁၆ ရက်နေ့ထုတ် တရုတ် ချိုရှိ မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ထားကြောင်း၊ ဆောင်းပါး၏ ခေါင်းစဉ်သည် ဖွံ့ဖြိုးမှု အတွေးအခေါ်ကို နက်ရှို်င်းစွာ နားလည်သိရှိခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်း အရ သိရပါသည်။

ယင်းဆောင်းပါးတွင်၊ ဆန်းသစ်တီထွင်ရေးကို တွန်းအား အဖြစ် ထားသော ဖွံ့ဖြိုးမှု မဟာဗျူဟာ ဖေါ်ဆောင်ရေးကို တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှု တစ်သားတည်း ဖြစ်ရေးနှင့် ညီညွတ်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ လူနှင့် သဘာဝ သင့်မြတ်ဖေါ်ရွေစွာ အတူ တည်ရှိခြင်းကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်ရေး စည်းစနစ်သစ် ဖြစ်တည်လာအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပြည်သူများကို ဗဟို အဖြစ်ထားသည့် ဖွံ့ဖြိုးရေး အတွေးအခေါ် ဖေါ်ဆောင်ခြင်းကို တွန်းအား ပေးရမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။ (ကျော့)