宋冉

“ခိုးတယ်” ဆိုတာဟာ ကိုယ့်ကိုယ်ကိုလည်း လိမ်လည် သူများကိုလည်း လှည့်ဖြားတာပဲ ဖြစ်တယ်

(GMT+08:00)2019-05-15 21:14:49  

အခုလောလောဆယ်မှာ အမေရိကန် နိုင်ငံရေး သမား တချို့က၊ အမေရိကန်ဟာ ငွေစုတဲ့ဗူးတစ်ဗူး ဖြစ်ပြီး တရုတ်ပြည် အပါအဝင် နိုင်ငံအားလုံး ဒီထဲကနေ ငွေ ခိုးနေတယ်လို့ ပြောဆိုခဲ့တယ်။ အဲဒီ စကားဟာ အခြေခံ စီးပွါးရေး ဗဟုသုတ ချို့တဲ့တဲ့ အပြင်၊ Don Quixote ပုံစံ ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုလည်း လိမ်လည် သူများကိုလည်း လှည့်ဖြားတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

ဈေးကွက်ဥပဒေသအရ၊ ရောင်းသူနဲ့ ဝယ်သူ နှစ်ဖက်တို့က ရောင်းဝယ်မှု ပြုလုပ် လိုပါက၊ အဲဒီ ရောင်းဝယ်မှုဟာ အပြန်အလှန် အကျိုးရှိတာ မုချဧကန်ပဲ။ တရုတ်နဲ့ အမေရိကန် စီးပွါးကုန်သွယ်ရေးလည်း အဲဒီလိုပဲ။ နှစ်ပေါင်းများစွာ အတွင်း တရုတ်နဲ့ အမေရိကန်တို့ဟာ အားသာချက်များကို အပြန်အလှန် ဖြည့်စွက်ပြီး ကိုယ့်နိုင်ငံတို့ရဲ့ စီးပွါးရေး ဖွံ့ဖြိုးမှုနဲ့ ကုန်ထုတ်လုပ်မှု ဖွဲ့စည်းပုံ အဆင့်မြှင့်တင်ရေးကို တွန်းအား ပေးကာ၊ နှစ်ဖက်စလုံး အကျိုးစီးပွါးများကို ရရှိနိုင်ခဲ့ပါတယ်။ ဥပမာ ဆိုရင်၊ တရုတ်နိုင်ငံက အမေရိကန်မှ အီလက်ထရွန် ပစ္စည်းများနဲ့ လယ်ယာထွက်ကုန် များစွာကို တင်သွင်းပြီး ဈေးကွက် ဖြန့်ဖြူးမှုကို ဖြည့်စွက်တယ်။ အမေရိကန်ကလည်း နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံရေးနဲ့ ဈေးကွက် တိုးချဲ့ရေး အခွင့်အလမ်းများကို ရရှိပြီး စီးပွါးရေး တိုးတက်မှုနဲ့ စားသုံးသူများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်ဟာ အဲဒါတွေကို လျစ်လျူရှုပြီး တရုတ်နိုင်ငံက အမေရိကန်ရဲ့ နည်းပညာ၊ အလုပ်အကိုင်နေရာနဲ့ ငွေရင်းကို “ခိုးတယ်” လို့ အကြောင်းမဲ့ ပြစ်တင် ဝေဖန်ကာ၊ ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ အခွန် တိုးကောက်ရေးရဲ့ တကယ်စင်စစ်သော ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မုသားစကား ဖြစ်တယ် ဆိုရင် ဘယ်လိုပဲ ပြောပြောလည်း အဖြစ်မှန် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ သက်ဆိုင်ရာစာရင်းအရ၊ ပြီးခဲ့တဲ့နှစ်များအတွင်း အမေရိကန်ဟာ တရုတ်ပြည် ဈေးကွက်မှာ များပြားတဲ့ အမြတ်အစွန်းကို ရရှိခဲ့တယ်။ ဥပမာ ဆိုရရင် ၂၀၁၇ ခုနှစ်က တရုတ်ပြည်က အမေရိကန်အား ပေးဆောင်တဲ့ ပညာ မူပိုင်ခွင့် အသုံးပြု စရိတ်ကပဲ အမေရိကန်ဒေါ်လာ ၇့ ၁၃ ဘီလီယံ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းကုမ္ပဏီများရဲ့ တရုတ်ပြည်မှာ ရောင်းချမှု တန်ဖိုးဟာ နှစ်စဉ် ဒေါ်လာ ဘီလီယံ ၇၀၀ ရှိပြီး အမြတ်အစွန်းဟာ ဘီလီယံ ၅၀ ကျော် ရှိပါတယ်။ ဒီလို ဖြစ်ပေမယ့် အမေရိကန်မှ နိုင်ငံရေးသမား တစ်ချို့ဟာ အဖြူကို အမည်း ဖြစ်အောင် ပြောဆို နေသေးတယ်။

ဒါကြောင့် “ခိုးတယ်” ဆိုတာဟာ မုသားစကားပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အမေရိကန် နာမည်ကြီး စီးပွါးရေး ပညာရှင် စတစ်ဖင် ရောခ်ျက၊ အမေရိကန် အနေနဲ့ ကိုယ့်အပြစ်ကို တရုတ်ပြည်ကို ခံခိုင်းတဲ့ လုပ်ရပ်ဟာ Don Quixote ပုံစံ ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုလည်း လိမ်လည် သူများကိုလည်း လှည့်ဖြားတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုတယ်။ အမေရိကန်ရဲ့ အဲဒီ ပြောဆိုချက်တွေဟာ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး ခြေလှမ်းကို တားဖြစ်နိုင်မှာ လုံးဝ မဟုတ်ဘူး။