ယခုလ ၁၃ ရက်နေ့က “သာယာလှပသော အာရှတိုက်၊ အာရှယဉ်ကျေးမှု” ပြပွဲကို အာရှယဉ်ကျေးမှု ဆွေးနွေးပွဲ၏ အရေးကြီး ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှု တစ်ရပ်အဖြစ် ပီကင်းမြို့ရှိ အမျိုးသားပြတိုက်၌ စတင်ကျင်းပခဲ့ကြောင်း၊ ယင်းပြပွဲတွင် အာရှတိုက်မှ ၄၇ နိုင်ငံနှင့် ဂရိ၊ အီဂျစ်နိုင်ငံများမှ ရှေ့ဟောင်း ယဉ်ကျေးမှု ပစ္စည်း ၄၀၀ ကျော်တို့ကို ခင်းကျင်းပြသပြီး အာရှတိုက်မှ သမိုင်းကြာရှည်ခြင်း၊ ယဉ်ကျေးမှု ရောနှောပေါင်းစပ်ခြင်းနှင့် အတူယှဉ်တွဲနေထိုင်ခြင်း စသည့် ယဉ်ကျေးမှု အထူးလက္ခဏာများကို ပြသထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။