徐敏霞

ဖူရှင်းမြို့ မဟူရာကျောက် ထုဆစ်နည်းပညာ ဆက်ခံသူ

(GMT+08:00)2019-05-06 09:40:22  

图片默认标题_fororder_李洪斌为记者讲解玛瑙雕“素活”作品

တရုတ်ပြည် လျောင်နင်ပြည်နယ် ဖူရှင်းမြို့ဟာ တရုတ်ပြည်ရဲ့ မဟူရာကျောက် အဓိက ထွက်ရှိတဲ့နေရာ တစ်နေရာ ဖြစ်ပြီး ဖူရှင်းမြို့ရဲ့ မဟူရာကျောက် ထုဆစ်နည်းပညာဟာ ပြည်တွင်းပြည်ပမှာ နာမည်ကျော်ကြားပါတယ်။ ၂၀၀၆ ခုနှစ်က ဖူရှင်းမြို့ရဲ့ မဟူရာ ထုဆစ် နည်းပညာဟာ ပထမအသုတ် နိုင်ငံတော်ရဲ့ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး အမည်စာရင်း ဝင်ခဲ့ပါတယ်။ ဒီနှစ် အသက် ၈၀ ကျော် အရွယ် ရှိပြီ ဖြစ်တဲ့ ဘိုးဘိုးကြီး လီဟုန်ပင်ဟာ ဖူရှင်းမြို့ မဟူရာ ထုဆစ် နည်းပညာ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ရဲ့ ဆက်ခံသူ ဖြစ်ပြီး အသက် ၁၀ နှစ်ကျော် ကတည်းက မဟူရာ ထုဆစ်နည်းပညာကို သင်ယူခဲ့တာ ဖြစ်ပါတယ်။ (ကျော့)