辛甜

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် ကွေ့အန်မြို့သစ် ရွာ ၅ ခုမှ ရွာသူရွာသားများ ဆင်းရဲမှု ပပျောက်စေ

(GMT+08:00)2019-05-06 11:03:19  

လုံမြင်ကောင်းဟာ ကွေ့ကျိုးပြည်နယ် ကွေ့အန်မြို့သစ် ခန်နျူ ဇီဝစိုက်ပျိုးမွေးမြူရေး သမဝါယမအဖွဲ့က တာဝန်ခံဖြစ်တယ်။ ၂၀၁၈ခုနှစ်ကစပြီး သူက ကွေ့အန်မြို့သစ် မာချန်မြို့နယ် ပြည်သူ့အစိုးရမှ ထောက်ပံ့မှုဖြင့် သမဝါယမအဖွဲ့ကို ဦးဆောင်ပြီး မြက်ပင်စိုက်ပျိုးရေး၊ ပြောင်းဖူးစိုက်ပျိုးရေး၊ နွားမွေးမြူရေး၊ တီကောင်မွေးမြူရေး၊ မြေသြဇာ ပြုစုပျိုးထောင်ရေး စတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲမှု ပပျောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ စီအာအိုင်သတင်းအရသိရတယ်။