အာရှယဉ်ကျေးမှု ဆွေးနွေးပွဲကို တရုတ်ပြည် ပီကင်းမြို့၌ ကျင်းပတော့မည်ဖြစ်ကြောင်း၊ တရုတ်ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Misriက အိန္ဒိယနိုင်ငံသည် ၄င်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ယခုရက်ပိုင်းတွင် Misriသည် စီအာအိုင် သတင်းထောက်နှင့်တွေ့ဆုံရာ၌ အာရှယဉ်ကျေးမှု ဆွေးနွေးပွဲသို့တက်ရောက်ပြီး တရုတ်-အိန္ဒိယ ယဉ်ကျေးမှုများအကြား ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် ယဉ်ကျေးမှု ဆက်သွယ်ရေးကို တွန်းအားပေးရမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။