“အာရှ ယဉ်ကျေးမှုများ အပြန်အလှန် ကူးလူးဖလှယ်မှုနှင့် ကံကြမ္မာအသိုက်အဝန်း”ဆောင်ပုဒ်ဖြင့် ပထမဆုံးအကြိမ် အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲကို မေလတွင် ပီကင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ ယင်းအဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားချက်ရရှိခဲ့သော အီရန်ကိုယ်စားလှယ်၊ တရုတ်နိုင်ငံဆိုင်ရာ အီရန်နိုင်ငံတော် ခရီးသွားလာရေးဌာန ထိပ်တန်းကိုယ်စားလှယ် ကာလီဖီ-ဟော့စိုင်က ပထမဆုံးအကြိမ် အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ ကျင်းပခြင်းသည် အနက်အဓိပ္ပါယ် ကြီးမားကြောင်း၊ ယင်းသည် မတူခြားနားသော နိုင်ငံနှင့် ယဉ်ကျေးမှုများအကြား မျက်နှာချင်းဆိုင်ပြီး ကူးလူးဖလှယ်ရန်၊ အထင်လွှဲမှုများ ပပျောက်စေရန်အတွက် ကောင်းမွန်သော ပလက်ဖေါင်းတစ်ခု ဖန်တီးပေးကြောင်း၊ မိမိသည် အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။