刘晓宇

ခေတ်သစ်မှာ လူငယ်များက တရုတ် အိပ်မက် အကောင်အထည် ဖေါ်ဆောင်ဖို့ အတွက် ကြိုးစားရမယ်လို့ ရှီကျင့်ဖိန် မှာကြား

(GMT+08:00)2019-05-01 09:38:49  

图片默认标题_fororder_CqgNOlzISxCALbrbAAAAAAAAAAA404.900x722.620x498

ဧပြီလ ၃၀ ရက်နေ့က မေလ ၄ ရက်နေ့ လှုပ်ရှားမှု နှစ် ၁၀၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ပီကင်းမြို့မှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အခမ်းအနားမှာ အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

图片默认标题_fororder_CqgNOlzIygiAB6BfAAAAAAAAAAA476.900x558.620x385

ရှီကျင့်ဖိန်က၊ မေလ ၄ ရက်နေ့ လှုပ်ရှားမှု ဖြစ်ပွါးခဲ့ပြီးနောက် နှစ် ၁၀၀ တာ အချိန်ကာလဟာ တရုတ်လူငယ်များ အဆက်ဆက်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်တဲ့ နှစ် တစ်ရာ ဖြစ်ကြောင်း၊ ခေတ်သစ်မှာ တရုတ်လူငယ် လှုပ်ရှားမှုများရဲ့ ဆောင်ပုဒ်၊ ဦးတည်ချက်နဲ့ တာဝန်ဝတ္တရားဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကို စွဲကိုင်ပြီး၊ ပြည်သူပြည်သားများနဲ့အတူ၊ နှစ်တစ်ရာ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက် နှစ်ခု ဖေါ်ဆောင်ဖို့အတွက်၊ မွန်မြတ်တဲ့ အမျိုးသား ရှင်သန်ရေး အိပ်မက် ဖေါ်ဆောင်ဖို့အတွက် ကြိုးစားရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

图片默认标题_fororder_CqgNOlzIS0KAOyfuAAAAAAAAAAA486.900x611.620x421

ရှီကျင့်ဖိန်က၊ ခေတ်သစ် လူငယ်များ အနေနဲ့ မေလ ၄ ရက်နေ့ စိတ်ဓါတ် ထွန်းကားလာအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အမျိုးသား ရှင်သန်ရေးကို ကိုယ့်လုပ်ငန်းတာဝန် အဖြစ် သဘောထားရမှာ ဖြစ်ကြောင်း၊ ကြီးမားသော ရည်မှန်းချက်များကို ထူထောင်ရမှာ ဖြစ်ကြောင်း၊ အမျိုးသား ရှင်သန်ရေး လုပ်ငန်းတာဝန်များကို ကြိုးပမ်းအားထုတ်ပြီး ဖေါ်ဆောင်ရမှာ ဖြစ်ကြောင်း၊ ခေတ်သစ်မှာ တရုတ်လူငယ်များဟာ ခေတ်ရေစီးကြောင်းနဲ့ တပြေးညီ ဖြစ်တဲ့ ကြိုးပမ်း ချီတက်သူ၊ လုပ်ငန်း ရှေ့ဆောင် ထူထောင်သူနဲ့ အကျိုးပြု စွမ်းဆောင်သူ အဖြစ် ထမ်းဆောင်ရမှာ ဖြစ်ကြောင်း၊ အခက်အခဲများကို ရဲရဲဝံ့ဝံ့ ကျော်လွှားပြီး ချီတက်ရမှာ ဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။