အာရှယဉ်ကျေးမှုဆွေးနွေးပွဲ၏ တံဆိပ် (Logo) ကို ဧပြီလ ၂၅ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့သည်။ ယင်းတံဆိပ်ကို ပီအိုနီပန်းကို အခြေခံပြီး အာရှတိုက်၏ အပိုင်း ၆ ပိုင်းကို ပန်းပွင့်ဖတ် ၆ ပွင့်အဖြစ် ဒီဇိုင်းဖော်ထားသည်။ ထို့အပြင် ယခုအကြိမ် ဆွေးနွေးပွဲ၏ အင်္ဂလိပ်အမည် Conference on Dialogue of Asian Civilizations ကို CDACဟု အတိုကောက်အဖြစ်ထားသည်။