朱蕾

ရှီကျင့်ဖိန်သည်၊ နီပေါနိုင်ငံ သမ္မတ Bahndari နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2019-04-30 09:46:49  

图片默认标题_fororder_1124434669_15565433623601n

图片默认标题_fororder_1124434669_15565433623571n

图片默认标题_fororder_1124434669_15565433623551n

图片默认标题_fororder_1124434669_15565446938741n

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ၂၉ ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် နီပေါနိုင်ငံ သမ္မတ Bahndari နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်နှင့် နီပေါတို့သည် တောတောင် ရေမြေချင်းဆက်စပ်ပြီး၊ ဘိုး​စဉ်​ဘောင်​ဆက်ချစ်ခင်ရင်းနှီးကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ အကြား ဆန္ဒချင်းဆက်နွှယ်ထားပြီး၊ ဆိုး​တူ​ကောင်းဘက်ဖြစ်ကြကြောင်း၊ တရုတ်၊ နီပေါတို့အနေနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေးနယ်ပယ်တွင် အားဖြည့် ပူးပေါင်းဆောင်ရွက်ပြီး၊ တရုတ်-နီပေါ နိုင်ငံဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရန် ဆက်လက်တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Bahndari ကလည်း ဒုတိယ အကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် အောင်မြင်စွာ ကျင်းပခြင်းအပေါ် ထောပနာပြုပြီး၊ Belt and Road အတူတည်ဆောက်ရေးမှာ သမိုင်းအဓိပ္ပါယ်ပါရှိသည့် အဆိုပြုချက်ဖြစ်ပြီး၊ တစ်ကမ္ဘာလုံးတွင် အရေးကြီးသော သြဇာသက်ရောက်မှုရှိကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။