刘晓宇

ရှီကျင့်ဖိန်နှင့် ဟုန်စိန် တွေ့ဆုံ

(GMT+08:00)2019-04-29 16:35:33  

        ယခုလ ၂၉ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ အလည်အပတ် ရောက်ရှိလာသော ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်စိန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ရှီကျင့်ဖိန်က တရုတ်-ကမ္ဘာဒီးယားနှစ်နိုင်ငံတို့သည် မိတ်ဆွေရင်းဖြစ်ကြောင်း၊ တရုတ်ပြည်သည် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို အလေးထားပြီး နှစ်နိုင်ငံတို့သည် တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာအသိုက်အဝန်း စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ပြီး နှစ်နိုင်ငံဆက်ဆံမှု၏ မဟာဗျူဟာမြောက် တန်ဖိုးနှင့် အနက်အဓိပ္ပါယ်ကို အဆက်မပြတ် တိုးမြှင့်ရမည်ဖြစ်ကြောင်း ပြောကြားသည်။