徐敏霞

ကာဇက်စတန် သမ္မတ ကာဇာဘာယဲ့ဖှ်က၊ ကျွန်တော်က အဲဒီ နက်ရှိုင်းတဲ့ ချစ်ကြည်ရေးကို ထာဝစဉ် မြတ်နိုးထားမယ်လို့ ပြောတယ်

(GMT+08:00)2019-04-29 10:40:43  

图片默认标题_fororder_2

ဒီလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နဲ့ ကာဇက်စတန် နိုင်ငံရဲ့ ပထမမြောက် သမ္မတ ကာဇာဘာယဲ့ဖှ်တို့က တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။ ကာဇာဘာယဲ့ဖှ်က၊ အဲဒါဟာ ကျွန်တော်က ကျွန်တော်ရဲ့ မိတ်ဆွေဟောင်းနဲ့ မိတ်ဆွေကောင်း ဖြစ်သူ ရှီကျင့်ဖိန်နဲ့ ၁၉ ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပြီး ကျွန်တော်က အဲဒီ နက်ရှိုင်းတဲ့ ချစ်ကြည်ရေးကို ထာဝစဉ် မြတ်နိုးထားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီနှစ် အသက် ၇၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကာဇာဘာယဲ့ဖှ်ဟာ ပြီးခဲ့တဲ့လက သမ္မတ ရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။ ဒီအကြိမ် သူက ကာဇက်စတန် နိုင်ငံရဲ့ ပထမမြောက် သမ္မတ အဖြစ် ဒုတိယ အကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်လာခြင်း ဖြစ်ပါတယ်။ သူဟာ တရုတ်နိုင်ငံကို ၂၅ ကြိမ် ခရီးလှည့်လည်ခဲ့ပြီး တရုတ်နိုင်ငံကို အကြိမ် အများဆုံး ရောက်ရှိလာတဲ့ နိုင်ငံခြား ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ ဒီလ ၂၈ ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီးမှာ တရုတ်နိုင်ငံဟာ ကာဇာဘာယဲ့ဖှ် အတွက် အထူး အခမ်းအနား တစ်ရပ်ကို ပြုလုပ်ပြီး၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန် ကိုယ်တိုင် ကာဇာဘာယဲ့ဖှ်ကို ချစ်ကြည်ရေး တံဆိပ်ကို တပ်ပေးခဲ့ပါတယ်။ (ကျော့)