徐敏霞

၂၀၁၉ ခုနှစ် ပီကင်း နိုင်ငံတကာ ဥယျာဉ်ပြပွဲ ဖွင့်လှစ်၊ ရှီကျင့်ဖိန်သည် ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြား

(GMT+08:00)2019-04-29 10:38:41  

图片默认标题_fororder_CqgNOlzF23iAHOuVAAAAAAAAAAA764.900x702

၂၀၁၉ ခုနှစ် ပီကင်း နိုင်ငံတကာ ဥယျာဉ်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ ၂၈ ရက်နေ့က ခမ်းနား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ သဘာဝနှင့် လိုက်လျောညီထွေ ဖြစ်စေပြီး၊ ဂေဟစနစ်ကို ထိန်းသိမ်း ကာကွယ်သည့် မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးသည် အနာဂတ်ရေး ဦးတည်ချက် ဖြစ်ကြောင်း၊ မြေကမ္ဘာသည် လူသားတစ်ရပ်လုံး မှီခို အသက်ရှင် နေထိုင်ကြသည့် တစ်ခုတည်းသော အိမ်ရွာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် နိုင်ငံ အသီးသီးတို့နှင့်အတူ သာယာလှပသော ကမ္ဘာလုံး အိမ်ရွာကို အတူ တည်ဆောက်လိုပါကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ ပီကင်း နိုင်ငံတကာ ဥယျာဉ်ပြပွဲ၏ ဆောင်ပုဒ်မှာ“မြစိမ်းရောင် နေထိုင်မှုဘဝ၊ သာယာလှပသော အိမ်ရွာ” ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ လူအများက သဘာဝကို လေးစားရန်၊ သဘာဝတွင်း ရောနှောပေါင်းစပ်ရန်နှင့် သာယာလှပသော ဘဝကို လိုလားရန်တို့ကို တိုက်တွန်း လှုံ့ဆော်ဖို့ ဖြစ်ကြောင်း၊ ပီကင်း နိုင်ငံတကာ ဥယျာဉ်ပြပွဲ၏ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သည် ကမ္ဘာ့ နေရာအသီးသီးသို့ ပျံ့နှံ့ နိုင်ရန် မျှော်လင့်ကြောင်း၊ ဂေဟစနစ် ယဉ်ကျေးမှုသည် တရုတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေ စီမံကိန်းတွင် ထည့်သွင်းပြီ ဖြစ်ပြီး သာယာလှပသော နိုင်ငံတော်ကို တည်ထောင်ရန်မှာ တရုတ်ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက် ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

ချက်၊ ဂျစ်ဘူတီ၊ ဂီရ်ဂစ္စတန် စသည့်နိုင်ငံမှ ခေါင်းဆောင်များ၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ တစ်ကမ္ဘာလုံးမှ စက်မှုနှင့် ကုန်သွယ်မှု လောကမှ ပုဂ္ဂိုလ်များ၊ ပန်းဥယျာဉ်လောကမှ နာမည်ကြီး ပုဂ္ဂိုလ်များ စုစုပေါင်း ကိုယ်စားလှယ် ၉၀၀ ကျော်တို့သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ (ကျော့)