辛甜

ကွေ့အန်မြို့သစ် စွမ်းချွမ့်ဆေးရုံသည် ကုမ္ပဏီများအတွက် “ဆေးကုသ”

(GMT+08:00)2019-04-29 13:43:08  

图片默认标题_fororder_3

图片默认标题_fororder_2.JPG

图片默认标题_fororder_1.JPG

စွမ်းချွမ့်ဆေးရုံသည် ကွေ့ကျိုးပြည်နယ် ကွေ့အန်မြို့သစ် တက္ကသိုလ်မြို့နယ် စွမ်းချွမ့်ဇုန်တွင် တည်ရှိပြီး မြို့သစ်ကုမ္ပဏီများအတွက် ပြဿနာအကဲဖြတ်၊ ဖြေရှင်း၊ ဝန်ဆောင်မှုပေးသော ပလက်ဖေါင်းတစ်ခုဖြစ်သည်။ ကုမ္ပဏီတည်ထောင်ခြင်းကနေ စတော့ရှယ်ယာဈေးကွက် တင်ခြင်းအထိ လုပ်ဆောင်ပေးပြီး အကယ်၍ ကုမ္ပဏီများသည် ဘဏ္ဍာရေးနှင့် အကောက်ခွန်၊ ဥပဒေ၊ ငွေရင်းစုဆောင်းရေး၊ စီမံခန့်ခွဲရေး စသည့်နယ်ပယ်က ပြဿနာများ ကြုံတွေ့လျှင် စွမ်းချွမ့်ဆေးရုံကနေတဆင့်  on-line သို့မဟုတ်  offline စုံစမ်းမေးမြန်း၍ရကြောင်း စီအာအိုင်သတင်းအရသိရသည်။

၂၀၁၈ခုနှစ် သြဂုတ်လ တည်ထောင်ချိန်ကနေ ယခုအထိ စွမ်းချွမ့်ဆေးရုံသည် ကုမ္ပဏီ ၁၀၀ ကျော်နှင့် တိုက်ရိုက်ဆက်သွယ်မှုရှိပြီး အိမ်ယာရောင်းဝယ်ရေးလုပ်ငန်း၊ ယဉ်ကျေးမှုဆန်းသစ်တီထွင်ရေးလုပ်ငန်း၊ Big data ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း စသည့် နယ်ပယ်မတူညီသော လုပ်ငန်းကုမ္ပဏီ ၃၀ နီးပါးအတွက် ဝန်ဆောင်မှုပေးခဲ့ကြောင်း သတင်းရရှိပါ သည်။