朱蕾

ပညာမူပိုင်ခွင့်ထိန်းသိမ်းကာကွယ်ရေးနယ်ပယ်တွင် တရုတ်ပြည်မှ ကြိုးပမ်းမှုများဆိုင်ရာတို့ ကို ဥရောပတတ်သိပညာရှင်အဖွဲ့မှ အရာရှိ ချီးကျွူးပြောဆို

(GMT+08:00)2019-04-28 13:57:33  

ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းနှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂ အာရှရေးရာ သုတေသနဌာန မှ CEO  Axel Goethals က ကမ္ဘာ့စီးပွားရေးတိုးတက်မှု မတည်မငြိမ်ဖြစ်မြဲဖြစ်နေသည့် အခြေအနေမျိုးတွင် တရုတ်ပြည်က အဆင့်အတန်းပိုမြင့်စွာ တံခါးဖွင့်ပြီး၊ ကမ္ဘာ့စီးပွားရေး အတွက် အကျိုးပြုမည်ဟု ကတိပြုခြင်းမှာ ဘက်အသီးသီးတို့အား ယုံကြည်စိတ် ထည့်သွင်းပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာမိသားစုကြီးအနေနှင့်၊ ယင်းအပေါ် မျှော်မှန်းချက် အပြည့်အဝထားရှိကြောင်း ပြောကြားခဲ့သည်။

ပညာမူပိုင်ခွင့်ထိန်းသိမ်းကာကွယ်ရေးနယ်ပယ်တွင် တရုတ်ပြည်မှ ကြိုးပမ်းမှုများနှင့် စပ်လျဉ်း၍ Goethals က ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်ပြည်သည် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးနယ်ပယ်တွင် ထင်ရှားစွာ တိုးတက်လာခဲ့ပြီး၊ ကမ္ဘာ့စီးပွားရေး အပေါ် အရေးကြီးသော သြဇာတက်ရောက်မှု ဆောင်ကြဉ်းလာမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သတင်းအရသိရသည်။