朱蕾

ရှီကျင့်ဖိန်သည် အီတလီနိုင်ငံဝန်ကြီးချုပ် Giuseppe Cont နှင့် တွေ့ဆုံ

(GMT+08:00)2019-04-28 13:53:16  

图片默认标题_fororder_W020190428381259095007

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၂၇ ရက်နေ့က ပီကင်းတွင် ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ်သို့ တက်ရောက်နေသည့် အီတလီနိုင်ငံ ဝန်ကြီးချုပ် Giuseppe Cont နှင့် တွေ့ဆုံခဲ့ သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ရှီကျင့်ဖိန်က အီတလီနိုင်ငံအနေနှင့် အနောက်နိုင်ငံကြီးများ အတွင်း၊ Belt and Road အတူတည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို တရုတ်ပြည်နှင့် ​ရှေ့​ဆောင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း၊ တရုတ်အနေနှင့် Belt and Road အတူတည်ဆောက်ရေးကို အီတလီနှင့် လက်တွဲအားဖြည့် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။