朱蕾

ရှီကျင့်ဖိန်က နောက်တစ်ဆင့် အရေးကြီးပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ရေးရာ ဆောင်ရွက် ချက်များ ကြေညာ

(GMT+08:00)2019-04-26 14:54:15  

图片默认标题_fororder_33

  ယခုလ ၂၆ ရက်နေ့က ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို  ပီကင်းမြို့၌ ကျင်းပခဲ့ရာ၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က “သာယာလှပသော Belt and Road ရှေ့အလားအလာကို လက်တွဲ ဖန်တီးတည်ဆောက်ကြစို့”ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ သည်။

  ထိုသို့မိန့်ခွန်းပြောကြားခဲ့ရာ၌၊ ရှီကျင့်ဖိန်က Belt and Road အတူတည်ဆောက်ရေး၏ သော့ချက်မှာ အပြန်အလှန် ဆက်သွယ်ရေးဖြစ်သဖြင့်၊ တစ်ကမ္ဘာလုံးအပြန်အလှန် ဆက်သွယ်ရေး မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရန်၊ အကျိုးတူဖွံ့ဖြိုးရေးနှင့် စည်ပင် သာယာရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

图片默认标题_fororder_22

  ရှီကျင့်ဖိန်က ပညာမူပိုင်ခွင့် ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့် ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံအနေနှင့် ပညာတန်ဖိုးကို လေးစားသော စီးပွားရေး ပတ်ဝန်းကျင်ကို အလေးထားဖန်တီးပြီး ပညာမူပိုင်ခွင့် ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ ဥပဒေစည်းစနစ်ကို ဘက်စုံ ကောင်းမွန်စေကာ ဥပဒေစိုးမိုးရေးကို အားဖြည့် ဆောင်ရွက်၍ နိုင်ငံခြားပညာမူပိုင်ခွင့် ပိုင်ဆိုင်သူများ၏ အခွင့်အရေးကို အားဖြည့် ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

  ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည်အကောက်ခွန်ကို တစ်ဆင့်တိုး လျှော့ချပေးမည် ဖြစ်ပြီး အကောက်ခွန် မဟုတ်သော နယ်ပယ်များမှအဟန့်အတားများကို ဖယ်ပေးမည် ဖြစ်ကြောင်း၊ တရုတ် ဈေးကွက်များ တံခါးဖွင့်ရေးကို အဆက်မပြတ်ဖွင့်ပေးမည် ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံအသီးသီးမှ အရည်အသွေး မြင့်မားသော ကုန်ပစ္စည်းများတင်သွင်းရန် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

  ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ အဓိက စီးပွါးရေးအုပ်စုများနှင့် မက္ကရို စီးပွါးရေးဆိုင်ရာ မူဝါဒများ ညှိနှိုင်းဆောင်ရွက်မှုကိုအားဖြည့်မည် ဖြစ်ပြီး၊ နိုင်ငံတကာ စီးပွါးရေး အားကောင်း ညီမျှစွာ ဆက်တိုက် အစဉ်တစိုက်ဖြစ်သော ဖွံ့ဖြိုး တိုးတက်ရေးကို လက်တွဲ တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

图片默认标题_fororder_55

  ရှီကျင့်ဖိန်က တရုတ်ပြည်အနေနှင့် နိုင်ငံအသီးသီးတို့နှင့် ချုပ်ဆိုခဲ့သည့် ဘက်ပေါင်းစုံ နှင့် နှစ်ဖက်စီးပွားကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်များ လက်တွေ့ကျဆောင်ရွက် ရေးကို မြင့်မားစွာ အလေးထားကြောင်း၊ ဥပဒေစိုးမိုးပြီး  ရိုးသားဖြောင့်မတ်သော အစိုးရ ထူထောင်မှုကို အားဖြည့်ဆောင်ရွက်ကာ၊ ချုပ်ချယ်ကန့်သတ်စွမ်းအားရှိသော နိုင်ငံတကာ သဘောတူစာချုပ် လက်တွေ့ဆောင်ရွက်ရေးစနစ် တည်ထောင်သွားမည် ဖြစ်ကြောင်း၊ ဈေးကွက်ဥပဒေအရဖြစ်သည့်  တရားဥပဒေစိုးမိုးသော အဆင်ပြေလွယ်ကူမှု ရှိသည့် စီးပွားကုန်သွယ်ရေး ပတ်ဝန်းကျင် ပိုမိုပြီးပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။