辛甜

စန်းရှာရေလှောင်ကန်ဒေသ ဝူလင်မြို့သစ်

(GMT+08:00)2019-04-24 11:21:54  

  

图片默认标题_fororder_武陵镇大片的柑橘园

图片默认标题_fororder_武陵镇社会救助公示栏

图片默认标题_fororder_武陵镇劳动就业社会保障服务中心

图片默认标题_fororder_武陵镇新农村

图片默认标题_fororder_武陵镇春节联欢会

图片默认标题_fororder_武陵镇村民展示包装好的柑橘

图片默认标题_fororder_武陵镇村民在新居谈笑风生

图片默认标题_fororder_武陵镇村民在田间劳作

图片默认标题_fororder_记者采访武陵镇村民

    ချုံချင့်မြို့ ဝူလင်မြို့နယ်ဟာ အရင်က မြို့ဟောင်းတစ်ခုဖြစ်တယ်။ စန်းရှာရေလှောင်ကန်ကို တည်ဆောက်တဲ့အတွက် ၂၀၀၀ ပြည့်နှစ်ကစပြီး လူ ၁ သောင်းကျော်တို့ဟာ လူအများရဲ့အကျိုးစီးပွားအတွက် ကိုယ့်မိသားစုရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ ပင်လယ်ပြင်ထက် ၁၄၅ မီတာကနေ ၁၅၅ မီတာမြင့်တဲ့ မြို့ဟောင်းကနေ ပင်လယ်ပြင်ထက် မီတာ ၂၀၀ မြင့်တဲ့ နေရာသို့  ပြောင်းရွှေ့နေထိုင်ပြီး အိမ်ခြံမြေအသစ်ကို စတင်တည်ထောင်ခဲ့တယ်။ အသစ်တည်ထောင်ထားတဲ့ ဝူလင်မြို့နယ်ဟာ စန်းရှာရေလှောင်ကန်လုပ်ငန်း အကြီးဆုံး ပြောင်းရွှေ့သူများ စုစည်းနေထိုင်တဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

    အခု ဝူလင်မြို့နယ်ဟာ စိမ်းလန်းစိုပြေပြီး နေအိမ်၊ လမ်းပန်းဆက်သွယ်ရေး၊ ဆေးဝါးကုသရေး၊ ပညာရေး၊ သက်ကြီးရွယ်အိုပြုစုရေး၊ ဖျော်ဖြေရေး စတဲ့အတပ်အဆင်အားလုံး ပြည့်စုံပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း ဝူလင်မြို့နယ်ဟာ နိုင်ငံတော်အဆင့် ပတ်ဝန်းကျင်ကောင်းမွန်တဲ့မြို့နယ်၊ တစ်နိုင်ငံလုံး ယဉ်ကျေးမှုမြို့နယ်၊ နိုင်ငံတော်အဆင့် သန့်ရှင်းရေးကောင်းမွန်တဲ့မြို့နယ်နဲ့ ပထမအသုတ် တရုတ်ထူးခြားချက်ရှိမြို့နယ် စတဲ့ဂုဏ်ထူးကို ရှေ့ဆင့်နောက်ဆင့် ရရှိခဲ့ပါတယ်။