辛甜

တရုတ်-မြန်မာရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းသည် လူမှုတာဝန်များကို တွက်ကြွစွာ ဆောင်ရွက်ပြီး Belt & Road ချစ်ကြည်ရေးတံတားကိုတည်ထောင်နိုင်ခဲ့

(GMT+08:00)2019-04-15 10:31:40  

     图片默认标题_fororder_8、由中缅油气管道项目援建的水塔为当达市民解决用水问题(洪荃诠 摄).JPG

   Belt & Road တစ်လျှောက် အရေးကြီးတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းဟာ တည်ဆောက်ချိန်မှ ထုတ်လုပ်လည်ပတ် ချိန်အထိ ပိုက်လိုင်းတစ်လျှောက် ဒေသက ပြည်သူများရဲ့ နေထိုင်မှုဘဝကို အမြဲဂရုစိုက်ပြီး  လူမှုတာဝန်များကို တက်ကြွစွာ ဆောင်ရွက်တဲ့ တစ်ချိန်တည်းမှာ တရုတ်-မြန်မာနှစ်နိုင်ငံအတွက် Belt & Road ချစ်ကြည်ရေးတံတားတစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့ပါတယ်။

图片默认标题_fororder_一座库容65万立方米的水库解决了马德岛村民的饮水问题(洪荃诠 摄).JPG

图片默认标题_fororder_2、马德岛上村民在自家门前的供水点打水(洪荃诠 摄).JPG

ရေလှောင်ကန်တည်ဆောက်ပြီးနောက် ကျွန်မတို့ ရေခပ်ရတာ ပိုပြီးအဆင်ပြေလာတယ်။ရေရဲ့အရည်အသွေးလည်း အရင်ကထက် ပိုကောင်းလာတယ်လို့ ရေခပ်နေရာမှာ ရေခပ်နေတဲ့ ခင်မျိုးနုက ဝမ်းသာစွာ ပြောကြားတယ်။ခင်မျိုးနုဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူ မဒဲကျွန်းပေါ်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ၄င်းကျွန်းပေါ်မှာ နေထိုင်ရတာ နှစ် ၃၀၊၄၀ ရှိပါပြီ။ အရင်တုန်းက ခင်မျိုးနုနဲ့ ရွာသူရွာသားတို့ရဲ့ နေ့စဉ်သုံးရေဟာ မိုးရေပဲရှိတယ်။ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလအထိ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းဟာ ကျွန်းပေါ်မှာ ကုဗမီတာ ၆ သိန်း ၅ သောင်းရှိတဲ့ ရေလှောင်ကန်တစ်ခုကို တည်ဆောက်ပြီးနောက် ရွာသူရွာသားများ နှစ်ရှည်ကြာစွာဖြစ်ခဲ့တဲ့ ရေခပ်ဖို့ဝေး၊ ရေခပ်ဖို့ ခက်ခဲတဲ့ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

图片默认标题_fororder_1、缅甸若开邦皎漂马德岛上的居民钦妙努在供水点打水(洪荃诠 摄)

图片默认标题_fororder_7、皎勃东地区的村民赶着牛车来中缅油气管道项目援建的水井打水(洪荃诠 摄).JPG

   မဒဲကျွန်းနဲ့ ကီလိုမီတာ ၅၀၀ ကျော်ရှိတဲ့ မန္တလေးတိုင်း သင်းတရရွာဟာ ပိုက်လိုင်း လုပ်ငန်းရဲ့ကူညီမှုဖြင့် ရွာသူရွာသားများ စောင့်မျှော်တာ တော်တော်ကြာတဲ့ လျှပ်စစ်ဓါတ်အားပေးပို့မှု အကောင်အထည်ဖေါ်တော့မှာဖြစ်ပါတယ်။ရွာသူရွာသားများဟာ လျှပ်စစ်ဓါတ်အားကော်မတီကို ဖွဲ့စည်းပြီး ဦးကျော်ရွှေဟာ ၄င်းကော်မတီက ဥက္ကဋ္ဌပဲဖြစ်ပါတယ်။ သူက လျှပ်စစ်ဓါတ်အားပေးစက်ကိရိယာတွေ ရွာကို ပေးပို့တဲ့အဲဒီရက်က အခြေအနေကို ပြန်လည်သတိရစွာနဲ့ အခုလိုပြောလာပါတယ်။

图片默认标题_fororder_5、中缅油气管道项目帮助曼德勒省丁德雅村安装电力设备(洪荃诠 摄).JPG

တို့ရွာကို လာလှူတဲ့အချိန်က ၅လပိုင်းလောက်ကပေါ့။ လျှပ်စစ်မီးတိုင်တွေနဲ့ ဓာတ်ကြိုးတွေကို လာပြီးတော့ ကျွန်တော်တို့ ကျေးရွာကို ပို့သွားပါတယ်။ အဲဒီလို ပို့သွားလို့ ကျွန်တော်တို့ ကျေးရွာသူ ကျေးရွာသားများ အနေအားဖြင့် ဘယ်လို ဖြစ်သွားလဲဆိုတော့ အံ့သြ၀မ်းသာဖြစ်သွားတာပေါ့။ ဟာ  ဒို့ရွာတော့ မီးလင်းတော့မှာပဲ။ ဓာတ်တိုင်တွေ လာချသွားပြီ။ ဒီဟာကို မသိတဲ့သူတွေက ဘယ်လိုတွေလဲလို့ ကျွန်တော် တို့ကို မေးခွန်းတွေနဲ့ မေးကြတဲ့အခါမှာ ဒီဟာက  ကျွန်တော်တို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကနေပြီးတော့ အလှူရှင်က ဒီမှာ ကျေးရွာတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အစဉ်အဆက်မပြတ် လာပြီးတော့ လှူသွားတယ်။ ကျွန်တော်တို့ ကျေးရွာအတွက်ကျတော့ လျှပ်စစ်မီးလင်းပေးဖို့ အခုလို ဓာတ်တိုင်တွေ လာရောက် ပို့သွားတာလို့။ ကျွန်တော်တို့ သိတဲ့အနေအထားလေးကို ပြန်ပြီးတော့ ရွာသူရွာသားတွေကို ပြောပြခဲ့ပါတယ်။

图片默认标题_fororder_6、中缅油气管道项目为马圭省的希巴村小学修建新教学楼(洪荃诠 摄).JPG

မကွေးတိုင်း ဇီဖွာရွာ မူလတန်းကျောင်းဟာ ပိုက်လိုင်းနဲ့ ၃၊၄ကီလိုမီတာပဲ ကွာဝေးပြီး ကျောင်းဆောင်အသစ် တည်ဆောက်ပြီးစီးတာ သိပ်မကြာသေးပါဘူး။ လာမယ့် ဒုတိယ ၆ လပိုင်း ကျောင်းဖွင့်တဲ့အချိန်မှာ ကလေးတွေဟာ ကျောင်းဆောင်သစ် စာသင်ခန်းထဲမှာ စာသင်လို့ ရပါပြီ။ ဒီအခြေအနေကို ကျောင်းဆရာမ ဒေါ်တင်ဆန်းကကျောင်းသားဦးရေက ၈၀ ကျော်ရှိတယ်။ ၈၀ ကျော်ရှိတဲ့အခါမှာ အဲဒီမှာ ကျောင်းသားက အတွင်းထဲမှာ မဆန့်တဲ့ အတွက် အပြင်ဘက် ၀ရန်တာမှာ ထွက်ပြီးတော့ စာသင်ရတယ်ပေါ့။ နောက်ဆုံး အပြင်ဘက်မှာ စာသင်တဲ့အတွက် မိုးတွင်းမှာဆို မိုးတွေက ရွာတဲ့အခါကျတော့ ကလေးတွေကို မိုးတွေပက်တော့ အဆင်မပြေဘူး။မိုးမလုံဘူးပေါ့။ ကျွန်မတို့ ဒီ ကျောင်းက ရေနံပိုက်လိုင်း ဖြတ်တာပေါ့။ အဲဒီ ပိုက်လိုင်းဖြတ်တဲ့အတွက် ရေနံပိုက်လိုင်းက အရာရှိတွေက ကျောင်းဆောင်ကို လာကြည့်တာ။ လာကြည့်တဲ့အခါ ကျွန်မတို့ ဒီကျောင်းဆောင်မှာ ကလေးတွေရဲ့ အခက်အခဲကို တွေ့သွားတယ်ပေါ့။ အဲဒီတော့ သူတို့က အဲဒီအခါကျမှ ကျောင်းဆောင်ကို လှူမယ်ဆိုပြီးတော့ နာမည်မှတ်သွားတာ။အဲဒါနဲ့ ကျောင်းဆောင် ရခဲ့တာ။

图片默认标题_fororder_4、马德岛上快乐的小朋友们(洪荃诠 摄).JPG

တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းကို ၂၀၁၀ပြည့်နှစ်မှာ စတင်တည်ဆောက်ပြီး ၂၀၁၉ခုနှစ် မတ်လကုန်အထိ လူမှုထောက်ပံ့ရေးလုပ်ငန်း စုစုပေါင်း ၂၄၂ ရပ်ကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။