马宁

ရှီကျင့်ဖိန်က ကန် Harvard တက္ကသိုလ် ပါမောက္ခချုပ် ဘာခေါ်နှင့် တွေ့ဆုံ

(GMT+08:00)2019-03-21 14:47:32  

图片默认标题_fororder_xijinping&hafoxiaozhang

  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၀ရက်နေ့က ပီကင်းမြို့၌ အမေရိကန် Harvard တက္ကသိုလ် ပါမောက္ခချုပ် ဘာခေါ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ စီအာအိုင်သတင်း အရ သိရပါသည်။

  ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အပြန်အလှန် သင်ယူလေ့လာရန် တိုက်တွန်း နှိုးဆော်ကြောင်း၊ ပြည်ပတွင် ပညာသင်ယူရန် အားပေးကြောင်း၊ တရုတ်ပြည်နှင့် အခြားနိုင်ငံများအကြား ပညာရေး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ရန် ထောက်ခံကြောင်း၊ တရုတ်နှင့် အမေရိကန် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးတွင် ပိုမိုများပြားသည့် အောင်မြင်မှုများ ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။