刘晓宇

Belt and Road အဆိုပြုချက်ကို တက်ကြွစွာ တုံ့ပြန်ဆောင်ရွက်ရေးသည် အီတလီနိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း အီတလီပညာရှင်ဆို

(GMT+08:00)2019-03-21 12:44:51  

        အီတလီနိုင်ငံမှ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ နာမည်ကျော် ပညာရှင် မတ်တီအို-ဘရက်ဆန်က တရုတ်ပြည် တင်ပြခဲ့သော Belt and Road အဆိုပြုချက်ကို တက်ကြွစွာ တုံ့ပြန်ဆောင်ရွက်ရေးသည် အီတလီနိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ Belt and Road အဆိုပြုချက်သည် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းပေးပြီး နှစ်နိုင်ငံတို့၏ တတိယဘက် ဈေးကွက်တွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန်အတွက်လည်း အရေးကြီးအခွင့်အလမ်း ဖန်တီးပေးမည်ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့က စီအာအိုင် သတင်းထောက်အား ပြောကြားသည်။

        မတ်တီအို-ဘရက်ဆန်သည် LUMSA တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခဖြစ်ပြီး နေတိုးအဖွဲ့ ကာကွယ်ရေး ကောလိပ် ရန်ပုံငွေအဖွဲ့ သုတေသီဖြစ်ကာ အီတလီ-တရုတ်ဆက်ဆံမှုကို နှစ်ပေါင်းများစွာ သုတေသနပြုနေသူဖြစ်သည်။ အီတလီနိုင်ငံသည် တရုတ်ပြည်နှင့် Belt and Road အဆိုပြုချက်ဆိုင်ရာ နားလည်မှု စာချွန်လွှာ ချုပ်ဆိုသည့် ပထမဆုံးသော G7 အဖွဲ့ဝင်နိုင်ငံ ဖြစ်နိုင်ဖွယ်ရာရှိခြင်းနှင့်ပတ်သက်ပြီး ဘရက်ဆန်က ယင်းသည် အီတလီနိုင်ငံ အလွှာပေါင်းစုံတို့အနေနှင့် နိုင်ငံတကာအခြေအနေအား ဆင်ခြင်လေ့လာပြီးနောက် ရရှိသော ရလဒ် ဖြစ်ကြောင်း၊ Belt and Road အဆိုပြုချက်ကို တက်ကြွစွာ တုံ့ပြန်ဆောင်ရွက်ရေးသည် အီတလီနိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ပြောကြားသည်။