刘晓宇

ဗြိတိန်သည် ဥရောပသမဂ္ဂမှ နုတ်ထွက်ရေးကိစ္စကို ရွှေ့ဆိုင်းရန် ဥရောပသမဂ္ဂအား တရားဝင် လျှောက်လွှာ တင်သွင်း

(GMT+08:00)2019-03-21 12:43:32  

        ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက မိမိသည် ဥရောပသမဂ္ဂထံသို့ စာပေးပို့ပြီး ဗြိတိန်၏ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေးကိစ္စကို ရွှေ့ဆိုင်းရန် ဥရောပသမဂ္ဂအား တရားဝင် လျှောက်လွှာ တင်သွင်းနေပြီဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့က အောက်လွှတ်တော်၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ထရီဆာမေက ဗြိတိန်နိုင်ငံသည် ဗြိတိန်နုတ်ထွက်ရေး နောက်ဆုံး သတ်မှတ်ရက်ကို ယခုလ ၂၉ ရက်နေ့မှနေ ဇွန်လ ၃၀ ရက်နေ့အထိ ရွှေ့ဆိုင်းရန် တောင်းဆိုကြောင်း ရေးသားသည်။ ၄င်းက မိမိသည် နုတ်ထွက်ရေး သဘောတူစာချုပ်ကို အတည်ပြုပြီး ဥရောပသမဂ္ဂမှ စနစ်တကျ နုတ်ထွက်နိုင်ရန်အတွက် တတိယအကြိမ် မဲပေးပွဲ ကျင်းပရေးနှင့်ပတ်သက်ပြီး လွှတ်တော်အား ဖျောင်းဖျနားချရန် ပိုမိုများပြားသောအချိန် လိုအပ်ကြောင်း အလေးထားပြောကြားသည်။