辛甜

ရှီကျင့်ဖိန်သည် အောက်ခြေအဆင့် ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်များနှင့် ဆွေးနွေး

(GMT+08:00)2019-03-18 11:04:00  

图片默认标题_fororder_neimeng

အောက်ခြေအဆင့် ဒေသများသို့ သွားရောက် စူးစမ်းလေ့လာရာတွင်ဖြစ်စေ၊ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးများတွင် ကိုယ်စားလှယ်အဖွဲ့များ၏ စိစစ်ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးရာတွင်ဖြစ်စေ၊ ရှီကျင့်ဖိန်သည် အောက်ခြေအဆင့်မှ အသံများ အပေါ် အလွန် အလေးထားလေ့ရှိကြောင်း၊ အောက်ခြေအဆင့် ဒေသများသည် တရုတ် ပြည်တွင် အတော်အတန် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်းကို အကောင်အထည် ဖော်နိုင်၊ မဖော်နိုင်ရေး အတွက် အရေးအကြီးဆုံး ဖြစ်သည်ဟု ရှီကျင့်ဖိန်က ယူဆကြောင်း၊ ယခုနှစ် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေး ကျင်းပစဉ် အတွင်း ရှီကျင့်ဖိန်သည် အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသမှ ကျွဲနွားများ ထိန်းကျောင်းသူ ကိုယ်စားလှယ်၊ တောင်သူ လယ်သမား ကိုယ်စားလှယ်၊ စက်ရုံအလုပ်ရုံ ဖြစ်သော စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သော ပုဂ္ဂလိက လုပ်ငန်းရှင် ကိုယ်စားလှယ်၊ ဆင်းရဲသော ဒေသမှ လာသော ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိသော မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်းသစ်တီထွင်ရေး၊ လုပ်ငန်းစတင်တည်ထောင်ရေး၊ ဆင်းရဲမှု ပပျောက်စေရေး စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း စီအာအိုင်က ဖော်ပြသည်။