ရှီကျင့်ဖိန်သည်၊ ကာဂျစ်စတန်သမ္မတနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2018-06-07 13:27:38  

图片默认标题_fororder_CqgNOlsX-zOAXFfJAAAAAAAAAAA821_900x724

    တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၆ ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် ကာဂျစ်စတန်နိုင်ငံသမ္မတ Zheenbekov နှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ ၂ နိုင်ငံ ခေါင်းဆောင်တို့သည်၊ တရုတ်-ကာဂျစ်စတန် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုထားရှိရန် တ​ညီ​တ​ညွတ်​တည်းသဘောတူကြပြီး၊ ၂ နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အခန်းကဏ္ဍသစ်ဖွင့်လှစ်လိုက်ကြောင်း ဆင်ဟွာသတင်း ဌာနက ရေးသားဖော်ပြသည်။

图片默认标题_fororder_CqgNOlsX-xOAJg-OAAAAAAAAAAA465_900x688

    ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ဥက္ကဋ္ဌရှီကျင့်ဖိန်က သမ္မတ Zheenbekov တရုတ်ပြည်တွင် တရားဝင်ခရီး လှည့်လည်ပြီး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ချင်းတောင်ထိပ်သီးများ အစည်းအဝေး သို့ တက်ရောက်ခြင်းအပေါ် ကြိုဆိုပါကြောင်း ဖော်ပြခဲ့သည်။

    ဆက်လက်၍ ရှီကျင့်ဖိန်က၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သဘာပတိနိုင်ငံ တရုတ်ထမ်းဆောင်ရာ၌ ကာဂျစ်စတန်နိုင်ငံမှ အားကောင်းသော ထောက်ခံမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်အနေနှင့်၊ ကာဂျစ်စတန်နှင့်အတူ ကြိုးပမ်းပြီး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးရန်တွန်းအားပေးလို ကြောင်း ပြောကြားခဲ့သည်။

    Zheenbekov ကလည်း၊ တရုတ်ပြည်၏ စီးပွားရေးနှင့် လူမှုရေးအောင်ကျိုးရလဒ်များ အပေါ် အားကျမြတ်နိုးပြီး၊ တရုတ်ပြည်မှ အချိန်ကြာရှည်စွာ ပံ့ပိုးကူညီမှုများအပေါ် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။