တရုတ်​ပြည်​ ထန်​မင်းဆက်​​ခေတ်​ မင်္ဂလာအခမ်းအနား

(GMT+08:00)2017-12-16 03:10:25  CRI

တရုတ်​ပြည်​ ထန်​မင်းဆက်​​ခေတ်​ မင်္ဂလာအခမ်းအနား

တရုတ်ပြည် ထန်မင်းဆက်​​ခေတ် မင်္ဂလာအခမ်းအနားကျင်းပသကဲသို့ မင်္ဂလာဝတ်စုံပြည့်ဝတ်ဆင်ပြီး မင်္ဂလာအခမ်းအနားပွဲတက်ခဲ့ရသည့်အတွက် မိမိ၏စိတ်ထဲတွင်အတိုင်း မသိ စိတ်လှုပ်ရှား ပျော်ရွှင်ကြည်နူးမိပါသည်.အခမ်းအနားကို တကယ့် မင်္ဂလာပွဲဆင်နွှဲသကဲ့သို့် ခမ်းနားသိုကိမြိုက်စွာကျင်းပခဲ့ပါသည်..မင်္ဂလာအခမ်းအနားတွင် သတို့သားနှင့် သတို့သမီးတို့သည် လက်တွဲ၍ မီးဖိုအားကျော်ဖြတ်ခြင်း မြင်းကုန်းနှီးအားကျော်ဖြတ်ခြင်းများပြုလုပ်ရပါသည်.မီးဖိုအားကျော်ဖြတ်ခြင်းသည် တသက်လုံးသင့်သင့်မြတ်မြတ်​​နေထိုင်သွားပြီး..အချင်းချင်း ယုံကြည်စွာဖြင့်တွဲလက်များခိုင်မာသည်ဟု အဓိပ္ပါယ်ရပါသည်.မြင်းကုန်းနှီးအားကျော်ဖြတ်ခြင်းသည် လုံလုံခြုံခြုံနေထိုင်နိုင်သည်ဟုအဓိပ္ပါယ်ရပါသည်..သတို့သားသည် သတို့သမီး၏မျက်နှာကိုအုပ်ထားသော ပုဝါအား တရုတ်ခြင်တန်ဖြင့်ဖယ်ရှားပေးပါသည်.ထိုကဲ့သို့ပြုလုပ်ခြင်းသည် အချင်းချင်း..ချစ်ခင်နှစ်သက်မှု.ရင်းနှီးမှုများရရှိစေနိုင်ပြီး လိုအပ်​​သောဆန္ဒများပြည်မြောက်သည်ဟု အဓိပ္ပါယ်ရပါသည်.သတို့သား သတို့သမီးတို့သည် မဂ်လာဧည့်ခံပွဲတွင်ဖက်ထုပ်စားခြင်းဖြင့် သားသမီးရတနာအမြန်ဆုံးရရှိသည်ဟုလဲအဓိပ္ပါယ်ရပါသည်...တရုတ်ပြည် ထန်မင်းဆက်​​ခေတ် မင်္ဂလာအခမ်းအနားတွင် မင်္ဂလာသတို့သမီးပုံစံဖြင့်ပါဝင်ခွင့်ရခြင်းသည် မိမိ၏တသက်တာတွင် မည်သည့်အခါမှမေ့နိုင်​​တော့မည်မဟုတ်ပါ..