နှစ်သစ်အကြို ပီကင်းသင်္ကြန်ပြင်ဆင်မှုလေးများ

(GMT+08:00)2017-12-15 16:28:12  CRI

နှစ်သစ်အကြို ပီကင်းသင်္ကြန်ပြင်ဆင်မှုလေးများ

မေအားမာန်- အားမာန်ချစ်ရတဲ့ သောတရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

ဦးခင်မောင်ဝင်း- မင်္ဂလာညချမ်းလေးပါခင်ဗျာ၊ ကျွန်တော်ခင်မောင်ဝင်းပါ။

မေ- ဟုတ်ကဲ့ပါရှင်။ အခုတစ်ပတ် အားမာန်တို့တင်ဆက်ချင်တဲ့ အကြောင်းလေးကတော့ ပီကင်း ရောက်မြန်မာပြည်သားများရဲ့ နှစ်သစ်ကူးအတာသင်္ကြန်ပွဲကျင်းပမယ့် အကြောင်းလေးတွေကို  အားမာန်က ချစ်ရတဲ့သောတရှင်တွေကို ကြိုတင်အသိပေးပြောလိုက်ချင်ပါတယ် ဦးခင်မောင်ဝင်း ရယ်။

ဦး- ဟုတ်ကဲ့၊ ပြောပါဦးဗျာ။

မေ- ဟုတ်ကဲ့၊အဲအကြောင်းလေးမပြောခင် အားမာန်တို့ ချင်မင်းပွဲတော်မှာ ဘာတွေလုပ်ခဲ့သလဲဆို တာကို အရင်ပြောကြရအောင်လားရှင်။

ဦး- ဟုတ်ကဲ့ဗျာ၊ ဒါလည်းကောင်းတာပဲ။ ကျွန်တော်တို့ တရုတ်ပြည်မှာကျင်းပနေတဲ့ ချင်မင်းပွဲတော် အကြောင်းကို သောတရှင်တွေ သိသွားတာပေါ့။

မေ- ဟုတ်ပါတယ်ရှင်။ ဒါဆို အဲပွဲတော်ရက်တွေမှာ ဦးခင်မောင်ဝင်းတို့မိသားစုကော ဘယ်တွေသွား ပြီး၊ ဘာတွေလုပ်လဲဆိုတာ အရင်ပြောပြပါနော်။

ဦး- ကောင်းပါပြီ၊ ကျွန်တော်တို့ကတော့ အဲပွဲတော်ဆို သေဆုံးသွားတဲ့ ဘိုးဘွားမိဘတွေ၊ဆွေတွေမျိုး တွေရဲ့ သချိုင်္င်းကို သွားပြီးကန်တော့လေ့ရှိပါတယ်။ ပြီးတော့ သူတို့တွေ အတွက် ဆုတောင်းမေတ္တာ ပို့ပေးကြတာပေါ့။

မေ- ဟုတ်ကဲ့၊ ဒါဆို အခုတစ်ခါ အားမာန်က အဲဒိပွဲတော်မှာ သွားခဲ့တဲ့နေရာလေးအကြောင်းကိုပြော ပြမယ်ရှင်။ အဲနေရာကတော့ အားမာန်အလွန့်အလွန်ကို သွားရောက်ဖူးမြော်ချင်နေတဲ့ စွယ်တော် မြတ်စေတီဆီကိုပါ။ ဘာလို့လဲဆိုတော့ အားမာန်ပြောလည်း ပြောခဲ့ဖူးပါတယ်နော်။ ပီကင်းမှာက စွယ်တော်မြတ်စေတီကို ၀င်ရောက်ဖူးမြော်ခွင့်ရဖို့ဆိုတာက တော်တော်မလွယ်တဲ့ကိစ္စမဟုတ်ပါလား ရှင်။ အဲဒိပွဲတော်ရုံးပိတ်ရက်အတွင်းမှာ အားမာန်တို့ မြန်မာပြည်သားများ စုပြီးထမင်းစားကြတယ် လေ။ အဲရောက်တော့မှ ကိုလှိုင်ဆိုတဲ့ သူငယ်ချင်းက မနက်ဖြန် စွယ်တော်တိုက်ထဲ သွားဖူးကြမယ် လိုက်မလားလို့မေးလာတော့ အမယ်လေးလိုက်ချင်လိုက်သပ ကိုလှိုင်ရယ်ဆိုပြီး လိုက်ဖြစ်သွားခဲ့ တယ်။

စစ်သံမှုးကြီးဦးဆောင်သွားတဲ့ အဖွဲ့နဲ့လိုက်မှသာ စွယ်တော်တိုက်ထဲကို ၀င်ရောက်ဖူးမြော်ခွင့်ရခဲ့ရ တာလေ။ အဲဒါကြောင်း စစ်သံမှုးကြီးနဲ့တကွ အားမာန်ကို တကူးတကခေါ်ဖေါ်ရတဲ့ ကိုလှိုင်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်လို့ ဒီနေရာလေးကနေ ပြောလိုက်ပါရစေနော်။

အဲဒါထက် အားမာန်ပြောချင်တာက အဲလည်းရောက်ရော ဘယ်သူတွေနဲ့ တွေ့တယ် မှတ်လဲ ဦးခင် မောင်ဝင်းရယ်။ သိလား စုံပဲစုံတတ်၊ကြုံပဲကြုံတတ်ပါတယ်လေ။ ရှမ်းလူမျိုးတွေနဲ့ တွေ့တယ်လေ သိ လား။ အဲ ရှမ်းလူမျိုးဆိုလို့ မြန်မာပြည်ကလာတဲ့ရှမ်းလူမျိုးတွေတော့ မဟုတ်ဘူးနော်။ စစ်ဆောင်ပန် နားက လာတဲ့ ရှမ်းလူမျိုးတွေလေ။ သူတို့အဖွဲ့က ဆယ်ယောက်နီးပါးလောက်ရှိတယ်။ သူတို့နဲ့ အားမာန်တို့အဖွဲ့က တော်တော်လေးရင်းနှီးသွားတယ်။ ရှေးရေစက်လို့ပဲ ပြောရမလားမသိဘူးနော်။ အဲလိုစကားစမြည်တွေပြောနေပြီးတော့ သိတဲ့အတိုင်းလေ မြန်မာလူမျိုးပဲ သူတို့လည်း စွယ်တော် တိုက်ထဲဝင်ပြီး ဖူးခွင့်ရချင်တယ်ဆိုလာတော့၊ စစ်သံမှုးကြီးဆီခွင့်တောင်းပြီး သူတို့အုပ်စုကိုပါ စွယ် တော်တိုက်ထဲ ၀င်ရောက်ဖူးမြော်ခွင့်ပြုလိုက်တယ်။

အဲတော့လေ သူတို့တွေပျော်သွားကြပုံများ အခုထိမျက်စိထဲက မထွက်ဘူးလေ။ စစ်သံမှုးကြီးက လည်းပျော်နေသလို၊ သူတို့အုပ်စုကလည်း ဖော်မပြနိုင်အောင် ပျော်နေကြတယ်ရှင်။

အားမာန်ဆိုလိုချင်တာက မြန်မာလူမျိုးတို့ရဲ့ မွန်မြတ်တဲ့စိတ်ဓာတ်ကို အဓိက ပြောချင်တာပါနော်။

ဦး- ဟုတ်တာပေါ့ဗျာ။ သူတို့လည်းကုသိုလ်ရသလို၊ကိုယ်လည်းပိုပြီးကုသိုလ် ရသွားတာပဲ မဟုတ် လား။

မေ- ဟုတ်ပါတယ်၊ အခု အားမာန်တို့ ပီကင်းရောက်နေတဲ့ မြန်မာပြည်သားများရဲ့ အတာသင်္ကြန်ပွဲ လေးအတွက် ပြင်ဆင်နေပုံ၊ကြိုးစားနေကြပုံကို အားမာန်တို့ချစ်တဲ့ သောတရှင်တွေ သိရလေအောင် ပြောပြမယ်နော်။ ဖြစ်လာရပုံ အစလေးကတော့ ပီကင်းမှာဆိုတာက ပညာတော်သင်ကျောင်းသား တွေပဲများတာလေ။ အဲဒိ ပညာတော်သင်တွေထဲမှာက အမျိုးအစားအမျိုးမျိုးပဲလေ။ အစိုးရကလွှတ် တဲ့ပည်ာတော်သင်တွေရှိသလို၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပညာလာသင်နေတဲ့ ကျောင်းသားတွေလည်း အများကြီးပါပဲ။ အဲထဲမှာမှ အားမာန်တစ်ယောက်ပဲ အလုပ်လာလုပ်တဲ့သူရှိပါတယ်။

အဲဒိ အစိုးရပညာတော်သင်ကျောင်းသားတွေဖြစ်တဲ့ ကိုဇော်ကြီး၊ကိုညီနဲ့ ဦးညွန့်တို့က အရင်စီစဉ်ကြ တာပါ။ ပြီးတော့ အားမာန်တို့ မိန်းကလေးတွေကို အဲပွဲမှာ မြန်မာအစားအစာကျွေးချင်တယ်လို့ ကိုဇော်ကြီးက ဆိုလာတယ်။ အားလုံးက မုန့်ဟင်းခါး လို့ အကြံပြုလိုက်ကြလို့၊ အင်းဒါဆို မုန့်ဟင်းခါး ကျွေးမယ်။ ကိုဇော်ကြီးကပဲ ဒကာခံမယ်ပေါ့။ ဟဲဗီး အလှုရှင်တော့ရပြီ၊ နောက် တိုလီမုတ်စ ကုန်ဖို့ လေးတွေက ရှိနေသေးတာဆိုတော့၊ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အားလုံးစဉ်းစားလိုက်ကြ တော့၊ ဒါဆို အလှုငွေလေးကောက်ပြီး ဖန် သဘောထားကြရအောင် အားလုံးသဘောတူလိုက်ကြ တယ်။

အဲဒိကောက်ထားလို့ရတဲ့အလှုငွေထဲက အားမာန်တို့တွေကထပ်ပြီး အဆိုပြုလိုက်တာလေးတစ်ခုက အုန်းနို့ကျောက်ကျော လေးပါထည့်လိုက် ပိုကောင်းမလားလို့ ပြောကြည့်လိုက်တော့။ အားလုံးက သိပ်ကောင်းတဲ့အစီအစဉ်ပေါ့လို့ ပြောလာပါတယ်။ ပြီးတော့ အသီးတွေလည်း ပါမယ်ပေါ့။ ကိုဇော် ကြီးရဲ့သူငယ်ချင်း နန်နင်းကလို့ပြောပါတယ် သူကလည်း ရေသန့်နဲ့ အချိုရည်ကို ဒကာခံပါမယ်တဲ့၊

အင်း ဒါဆို တော်တော်လေးတော့ မြိုင်သလောက်ရှိသွားပြီပေါ့နော်။

ပြီးတော့ အမှတ်တရ တီရှပ်ဆင်တူလေးတွေလုပ်ရင်ကောင်းမယ်ဆိုပြီးလည်း လုပ်ကြဦးမယ်လေ။ နောက်ပြီးပွဲစည်သွားအောင် ဖျော်ဖြေရေးလေးကလည်း ပါမှ ဆိုပြီး။ ကလေးတွေ ဆိုကြ၊ကကြမယ်

ပြီးတော့ အထူးအစီအစဉ်လေးလို့ပြောလို့ရမယ့် အားမာန်တို့ စီအာအိုင်က မင်းသားတွေကလည်း အားမာန်တို့ သင်္ကြန်ပွဲတော်ကိုလာပြီး သူတို့တတ်တဲ့ တိုက်ကွမ်ဒိုအကအလှနဲ့ ဖျော်ဖြေပေးဦးမယ် လေ။

ဦး- အော၊ကောင်းလိုက်တာဗျာ။ ဒါဆို()တို့ လုပ်မယ့် သင်္ကြန်ပွဲတော်က ဘယ်နေ့၊ ဘယ်နေရာ၊ ဘယ်အချိန်မှာလုပ်မှာလည်းဆိုတာကိုလည်း သောတရှင်တွေ သိရလေအောင် ပြောပြပါဦး။

မေ- ဟုတ်ကဲ့ပါ။ ဆယ့်ငါးရက်နေ့(သင်္ကြန်အကြတ်နေ့)၊ ချင်ဟွာတက္ကသိုလ်က ခန်းမဆောင်ကြီး တစ်ခုမှာပါ။ အချိန်ကတော့ အဲနေ့ မနက် ၁၁ နာရီက နေ့လည် ၁ နာရီအထိပါရှင်။

သောတရှင်တို့ရေ အားမာန်တို့တွေလည်း မြန်မာပြည်ရဲ့ ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးအတာသင်္ကြန် ကို ကိုယ်ရောက်နေတဲ့ နေရာကနေ လွမ်းမောရင်းနဲ့ အဆင်ပြေအောင်ကြိုးစားပြီး ဆင်နွှဲကြမယ်ဆို တဲ့အကြောင်းကို လေလှိုင်းကနေ ကြိုတင်အသိပေးတင်ဆက်ရင်းနဲ့ ဒီနေ့ အစီအစဉ်လေးကို ဒီမျှနဲ့ ရပ်နားခွင့်ပြုပါဦးလို့……

 

နှစ်သစ်အကြို ပီကင်းသင်္ကြန်ပြင်ဆင်မှုလေးများ