မန္တလေးမှာ အစိုးရသစ်ကို ထောက်ခံကြိုဆိုပွဲတွေနေရာအနှံ့မှာပြုလုပ်ဖို့ပြင်ဆင်နေ

(GMT+08:00)2017-12-15 16:38:41  CRI

မန္တလေးမှာ အစိုးရသစ်ကို ထောက်ခံကြိုဆိုပွဲတွေနေရာအနှံ့မှာပြုလုပ်ဖို့ပြင်ဆင်နေ

မန္တလေးမြို့မှာ မနက်ဖြန်(မတ်လ ၃၁ ရက်)မနက်အစောပိုင်းကစတင်ပြီး နိုင်ငံတော်အစိုးရသစ်ထောက်ခံ ကြိုဆိုပွဲတွေကို နေရာအနှံ့ပြုလုပ်သွားဖို့စီစဉ် ထားတယ်လို့ မန္တလေးမြို့ခံတွေဆီကသိရပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အာဏာလွှဲပြောင်းပေးအပ်ပွဲအတွက် ၀မ်းသာဂုဏ်ယူကြလို့ အခုလိုစီစဉ်ရတာဖြစ်တယ်လို့လည်း သိရပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အန်အယ်လ်ဒီဥက္ကဌဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်သမ္မတအသစ်၊ ပြည်သူ့ဒီမိုကရေစီအစိုးရသစ်တို့ကို ကြိုဆိုဂုဏ်ပြုကြမှာဖြစ်ပါတယ်လို့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အန်အယ်လ်ဒီမြို့နယ်ရုံးတာဝန်ရှိသူကပြောပါတယ်။

ဂုဏ်ပြုပွဲအစီအစဉ်တွေဟာ တစ်မြို့လုံးနေရာအနှံ့အပြား တူရာအစုအဖွဲ့အလိုက်ပြုလုပ်သွားကြမှာဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်အလိုက် လမ်းမပေါ်တွေမှာ ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ကြိုတင်ပြင်ဆင်နှိုးဆောင်ထားကြပါတယ်။

“ကျွန်တော်တို့က အိမ်ရှေ့မှာမုန့်လုံးရေပေါ်ကျွေးပါမယ်၊ ဘယ်သူမဆိုလာစားဖို့လည်းဖိတ်ခေါ်ထားပါတယ်၊ ကျွန်တော်တို့ဆန္ဒတွေပြည့်ဝပြီ ကျွန်တော် တို့လိုချင်တဲ့ဖွံ့ဖြိုးတိုးတက်မှုတွေမကြာခင်နှစ်တွေအတွင်းရလာတော့မယ်ဆိုပြီး ပျော်နေကြတာပါ၊ ဒီအတွက်လည်း မင်္ဂလာယူတဲ့သဘောမျိုးနဲ့အခုလို ကျွေးကြမွေးကြဖို့စီစဉ်ဖြစ်သွားတာပါ” လို့ နန်းရှေ့ရပ်ကွက်မှမဖြူဖြူအောင်ကပြောပါတယ်။

ကျွေးမွေးဧည့်ခံမှုအစီအစဉ်တွေဟာ မနက်ပိုင်းကနေညပိုင်းအထိရှိနေမှာဖြစ်ပြီး မန္တလေးမြို့က နာမည်ကြီးလက်ဖက်ရည်ဆိုင်တွေကတော့ တက်ကြွမှု အရှိဆုံးဖြစ်နေကြပါတယ်။

“နှစ်ပေါင်းအများကြီးခံစားလာရတာတွေဟာ ဒီနေ့မြင်ကွင်းကိုကြည့်ပြီး ပြေသင့်သလောက်ပြေပါပြီ၊ ပြည်သူ့အစိုးရ ပြည်သူ့သမ္မတဖြစ်လာပြီဆိုတော့ ဒီအသက်ဒီအရွယ်နဲ့ တိုင်းပြည်တိုးတက်တာကိုမြင်ဖူးသွားချင်ပါတယ်” လို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးအနောက်ရပ်ကွက်မှအသက် ၆၂ နှစ် အရွယ်ဦးမောင်လှကိုကပြောပါတယ်။

အစိုးရသစ်နဲ့သမ္မတသစ်ကြိုဆိုဂုဏ်ပြုအစီအစဉ်တွေကို ဧပြီ ၁ ရက်နေ့မှာလုပ်ဖို့စီစဉ်ထားသူတွေလည်းရှိတယ်လို့သိရပါတယ်။

ကျော်ထွေးမန္တလေးမြို့မှာ မနက်ဖြန်(မတ်လ ၃၁ ရက်)မနက်အစောပိုင်းကစတင်ပြီး နိုင်ငံတော်အစိုးရသစ်ထောက်ခံကြိုဆိုပွဲတွေကို နေရာအနှံ့ပြုလုပ်သွားဖို့စီစဉ် ထားတယ်လို့ မန္တလေးမြို့ခံတွေဆီကသိရပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အာဏာလွှဲပြောင်းပေးအပ်ပွဲအတွက် ၀မ်းသာဂုဏ်ယူကြလို့အခုလိုစီစဉ်ရတာဖြစ်တယ်လို့လည်း သိရပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အန်အယ်လ်ဒီဥက္ကဌဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်သမ္မတအသစ်၊ ပြည်သူ့ဒီမိုကရေစီအစိုးရသစ်တို့ကို ကြိုဆိုဂုဏ်ပြုကြမှာဖြစ်ပါတယ်လို့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အန်အယ်လ်ဒီမြို့နယ်ရုံးတာဝန်ရှိသူကပြောပါတယ်။

ကျော်ထွေး