မန္တလေး တကသ ကျောင်းသာခေါင်းဆောင် ကိုရဲရင့်ပိုင်မှုးလွတ်မြောက်သည့်အထဲမပါဝင်သေး

(GMT+08:00)2017-12-15 16:38:44  CRI

မန္တလေး ဧပြီ ၉

မန္တလေး တကသ ကျောင်းသာခေါင်းဆောင် ကိုရဲရင့်ပိုင်မှုးလွတ်မြောက်သည့်အထဲမပါဝင်သေး

မန္တလေး တကသ ကျောင်းသာခေါင်းဆောင် ကိုရဲရင့်ပိုင်မှုးလွတ်မြောက်သည့်အထဲမပါဝင်သေး

မန္တလေးအိုးဘိုအကျဉ်းထောင်မှတစ်ဆင့် ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသူ မန္တလေးခရိုင်နှင့်ကျောက်ဆည်နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူးအား ယမန်နေ့(ဧပြီ ၈ ရက်)ကပြန်လည်လွတ်မြောက်လာမည်ဟုဆိုကြသော်လည်း ဧပြီ ၈ ရက် ညအထိ ပြန်လွှတ်မြောက်မလာသေးကြောင်းသိရသည်။

သာယာဝတီကျောင်းသားလွတ်မြောက်မှုနှင့်အတူ မန္တလေးအိုးဘိုထောင်အတွင်းထောင်ချခံထားရသူကိုရဲရင့်ပိုင်မှူး ပြန်လည်လွတ်မြောက်လာနိုင်ကြောင်းသိရသဖြင့် ၄င်း၏မိသားစု၊ ဗကသကျောင်းသားရဲဘော်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသည် အိုးဘိုထောင်နှင့်ချမ်းအေးသာစံမြို့နယ်တရားရုံးသို့ တစ်လှည့်စီတစ်နေကုန်သွားရောက်စောင့်ဆိုင်းခဲ့ကြသည်။ ၄င်းအနေနှင့် ယမန်နေ့ကရုံးထုတ်စစ်ဆေးခံရသည့်နေ့ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်သည့်အတွက် ပြစ်ဒဏ်ခံနေရပါက ယခုအမိန့်နှင့်အကြုံးမ၀င်သေးကြောင်း၊ သို့ရာတွင် တရားရုံးအသီးသီး၌ ရင်ဆိုင်နေရသည့်ပြစ်မှုများကိုမူ ပိတ်သိမ်းလိုက်ကြောင်း တရားရုံးတာဝန်ရှိသူများထံမှသိရသည်။ ကိုရဲရင့်ပိုင်မှူးသည် ရတနာပုံတက္ကသိုလ်ကျောင်းအုတ်တံတိုင်းပေါ်တွင် ဆေးမှုတ်ကမ်းပိန်းပြုလုပ်ခဲ့မှုဖြင့် ထောင် ၆ လ ခံထားရခြင်းဖြစ်ပြီး ဧပြီ ၂၈ ရက်မှလွတ်ရက်စေ့မှာဖြစ်ကြောင်းသိရသည်။

၎င်းအားစွဲဆိုထားသည့်အမှုအားလုံးနှင့်ဝရမ်းများရှိပါက အပြီးပိတ် သိမ်းလိုက်ပြီဖြစ်ကြောင်း တရားရုံးတာဝန်ရှိသူများ ပြောစကားအရသိရသည်။

ကျော်ထွေး