ဓာတ်ပုံဆရာ Ashraful Arefin တစ်ယောက် မကြာသေးမီက ယုန်တစ်ကောင်၏ကြီးပြင်းပုံအဆင့်ဆင့်အား မှတ်တမ်းတင်ရန် အခွင့်အရေးရခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူအိမ်တွင် ယုန်ကလေးတစ်ကောင်မကြာမီက မွေးသောကြောင့်ဖြစ်သည်။
Ashraful မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမှဖြစ်ပြီး ၂၀၁၄ ခုနှစ်ကယုန်နှစ်ကောင်အားမွေးမြူပြီး နောက် ၄င်းယုန်နှစ်ကောင်အား မော်ဒယ်ထား၍ စိတ်ဝင်စားဖွယ် ဖြစ်အောင်ရိုက်ကူးခဲ့သည်။
ယခင်က အင်တာနက်ပေါ်တွင် ကလေးမွေးကင်းစပုံများ တွေ့ပြီးနောက် မွေးကင်းစကလေးများ၏ဓာတ်ပုံများကိုစမ်းသပ်ရိုက်ကူးချင်ခဲ့ပြီး သူ့အိမ်တွင် ယုန် မွေးဖွားခဲ့သဖြင့် ယင်းယုန်ကလေး၏ ဓာတ်ပုံများကိုရိုက်ကူးခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ခဲ့သည်ဟု Ashraful ကပြောကြားခဲ့ကြောင်း Global Times သတင်းဌာနက သြဂုတ်လ ၈ ရက်နေ့သတင်းအရသိရသည်။