ဟင်းသီးဟင်းရွက်ရဲ့အမြစ်နဲ့ ရောဂါ ကုသနိုင် အပိုင်း ၂

(GMT+08:00)2017-12-15 16:33:52  CRI

ဟင်းသီးဟင်းရွက်ရဲ့အမြစ်နဲ့ ရောဂါ ကုသနိုင် အပိုင်း ၂

ကန်စွန်းရွက် အမြစ်။ ။ ကန်စွန်းရွက် ထဲမှာ ပရိုတိန်းဓါတ်၊ ဆီဓါတ်၊ ဗီတာမင်  B1 B2 C စတာတွေ ပါဝင်ပြီး အပူ ကျစေခြင်း၊ ဆီးရွှင်စေခြင်း၊ အဆိပ် ပြေစေခြင်း စတဲ့ အစွမ်း ရှိတယ်။ ကန်စွန်းရွက်ရဲ့ အမြစ် ဂရမ် ၁၂၀ ကို ရေနဲ့ ပြုတ်ပြီးစားတဲ့နည်းနဲ့ ဝမ်းကိုက်နာကို ကုသနိုင်တယ်။ ညက်အောင် ထောင်းပြီး ဒဏ်ရာကြောင့် ရောင်နာနေတဲ့နေရာမှာ အုံထားရင် ရောင်နာတာပျောက်ကင်းစေနိုင်တယ်။ကန်စွန်းမြစ်ပြုတ်ထားတဲ့ ရေကိုပလုတ်ကျင်းတဲ့နည်းနဲ့ သွားပိုးစားခြင်းနဲ့ သွားကိုက်ခြင်းတို့ကို ကုသနိုင်တယ်။