နိုင်ငံတော် အတိုင်ပင်ခံ နှင့် JMC အပါအ၀င် ငြိမ်းချမ်းရေး ဆွေးနွေးမှု များ ချိတ်ဆက်ရန် ဒေါက်တာ တင်မျိုးဝင်းအားငြိမ်းချမ်းဖြစ်စဉ်များအတွက် ဆက်သွယ်ရေး ပုဂ္ဂိုလ် အဖြစ်ခန့်အပ်

(GMT+08:00)2017-12-15 16:38:46  CRI

နေပြည်တော် ဧပြီ ၂၈

နိုင်ငံတော် အတိုင်ပင်ခံ နှင့် JMC အပါအ၀င် ငြိမ်းချမ်းရေး ဆွေးနွေးမှု များ ချိတ်ဆက်ရန် ဒေါက်တာ တင်မျိုးဝင်းအားငြိမ်းချမ်းဖြစ်စဉ်များအတွက် ဆက်သွယ်ရေး ပုဂ္ဂိုလ် အဖြစ်ခန့်အပ်

ဖိုးသားကြီး၊နေပြည်တော်၊ ဧပြီ ၂၈ ငြိမ်းချမ်းရေး ဖြစ်စဉ်များဆွေးနွေးမှုများပြု လုပ်နိုင်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်နှင့် JMC အပါအ၀င် UPDJC အပြင် ငြိမ်းချမ်းရေးကိစ္စရပ်ဆိုင်ရာ ဆွေးနွေး မှု များပြု လုပ်မည့် အဖွဲ့ အစည်းများ အကြားချိတ်ဆက်ရန် ဒေါက်တာ တင်မျိုးဝင်းအား ဆက်သွယ်ရေး ပုဂ္ဂိုလ်အဖြစ် တာဝန်ပေး အပါလိုက်ကြောင်းဦးကိုကိုကြီးမှပြောကြားသည်။

ဧပြီလ ၂၇ ရက်နေ့က နေပြည်တော် ဟိုတယ် ဇုန်သုံး တွင်ပြု လုပ်ကျင်းပသည့် JMC အဖွဲ့ ၏ ပဉ္စမအကြိမ် မြောက် အစည်း နောက်ဆုံးရက်၌ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် JMC (ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး ဆိုင်ရာပူး တွဲ စောင့်ကြည့်ရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေး မှု ပြုခဲ့ပြီးနောက်သတင်းသမားများ မေးမြန်မှုအားပြန်လည်ဖြေကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

 JMC အဖွဲ့ ၏ အရပ်ဘက်ပညာရှင် တစ်ဦး ဖြစ်သူ ဦး ကိုကို ကြီး က “ ငြိမ်းချမ်းရေး ဟာ မြန်မာနိုင်ငံရဲ့ အခြေခံကျတဲ့ ပြဿနာ အကြောင်းအရင်းတစ်ခု လည်းဖြစ်တဲ့အတွက် ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် ငြိမ်းချမ်းရေး ကိုတာဝန်ယူဆောင်ရွက်တဲ့ အခါမှာ ဒေါက်တာ တင်မျိုးဝင်ကို ဒီငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့ဖြစ်စဉ်တွေမှာ ဆက်သွယ်ရေး ပုဂ္ဂိုလ်အဖြစ်ပေါ့လေ ဒီလိုမျိုးသတ်မှတ်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒေါက်တာ တင်မျိုး ၀င်း က JMC ပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဆက်သွယ်ဖို့ အဓိက ကတော့ ကျနော် တို့ JMC အပါအ၀င် နိင်ငံတော် အတိုင်ပင်ခံ ပုဂိံ္ဂလ်နဲ့ ငြိမ်ချမ်းရေး နှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ လာအပ်လာတဲ့ ကိစ္စတွေကို သူကတစ်ဆင့် ဆောင် ရွက်သွားဖို့ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်အဖြစ် ကျနော်တို့ကို မိတ်ဆက်ခဲ့တာ ပါ၊” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် JMC အဖွဲ့ တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်းနှင့်ပတ်သက်၍ လည်း

“အထူးသဖြင့်က တော့ MPC ကို ပြန်လည်ဖွဲ့ စည်းနိုင်ရေးနှင့် ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပနိုင်ဖို့ အတွက် ကို ဒါကို ကျနော် တို့ ပထမ အဆင့်အနေနဲ့ ဆောင်၇ွက်သွားဖို့ ပြောကြားသွားပါတယ်။ ကျန်တာ ကတော့ MPC ပေါ့ မြန်မာ နိုင်ငံငြိမ်းချမ်းရေး စင်တာကို ပြင်ဆဆင်ဖွဲ့စည်းရေး ကိစ္စနှင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပ သွားဖို့ကိစ္စတွေကို လည်းဆက်လက်ပြီးဆွေးနွေး ဆောင်ရွက်သွားဖို့ရှိပါတယ်။ငြိမ်းချမ်းရေးညီလာခံ အတွက် အချိန်ကာလ တော့ မသတ်မှတ်ရသေးပါဘူး ဒါပေမယ့် လိုအပ် တဲ့ ပြင်ဆင် မှုတွေ ဆွေးနွေးမှုတွေကို လုပ်သွားမယ်။လို့ သိရပတယ် အချိန် ကာလ ကန့်သတ်ချက်တော့ ကျနော် တို့ အတိအကျသိရသေးပါဘူး ၊ဒါပေမယ့် အမြန်ဆုံးဆောင်၇ွက်သွားချင်တယ် ဆိုတာ ကိုတော့ ပြောသွားပါတယ်” ဟု တွေ့ဆုံ ခဲ့ကြမှု အပေါ် ဦးကိုကိုကြီး က ပြောကြားခဲ့သည်။

ဖိုးသားကြီး