တရုတ်နည်းပညာတက္ကသိုလ်များမှ မြန်မာကျောင်းသား၁၀၀ခန့်အား တရုတ်-မြန်မာချစ်ကြည်ရေးအသင်း၏ ပံ့ပိုးမှုဖြင့် နန့်ကျင်းတွင် သုံးနှစ်ကြာသင်ယူရမည့် ပညာတော်သင်ဆုများခေါ်ယူ

(GMT+08:00)2017-12-15 16:38:44  CRI

<B>တရုတ်နည်းပညာတက္ကသိုလ်များမှ  မြန်မာကျောင်းသား၁၀၀ခန့်အား တရုတ်-မြန်မာချစ်ကြည်ရေးအသင်း၏ ပံ့ပိုးမှုဖြင့် နန့်ကျင်းတွင် သုံးနှစ်ကြာသင်ယူရမည့် ပညာတော်သင်ဆုများခေါ်ယူ</B>


ကျန်းစူးပြည်နယ် အဆင့်မြင့်တက္ကသိုလ် ၄ခုမှ ဆရာဆရာမ ၉ဦးပါဝင်သော ပညာရေးအဖွဲ့သည် ဧပြီ ၄ရက်က မန္တလေးမြို့သို့ ရောက်ရှိခဲ့ကြသည်။အဆိုပါ ဆရာများအဖွဲ့သည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းကြီး၏ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးစိန်ဝင်းအောင် တို့၏ ကူညီမှုဖြင့် ရန်ကုန်မှ စီစဉ်ဆောင်ရွက်ပေးသူမစ္စတာ Yang Jian နှင့် အတူ  ပညာတော်သင်ရွေးချယ်ရန်အတွက် မြန်မာကျောင်းသာ ၉၂ ဦးကို ဧပြီ ၅ရက်မှ ၈ရက်အထိ လာရောက် လူတွေ့စစ်ဆေးခဲ့သည်။အဆိုပါအစီအစဉ်မှာ ယခင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ပညာရေးဝန်ကြီးဌာနနှင့် လယ်ယာစိုက် ပျိုးရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန တို့ပူးပေါင်းကာ ရန်ကုန်နှင့် မန္တလေးရှိ မြန်မာကျောင်းသား ၉၂ ဦးကို စုပေါင်းကာ တရုတ်နိုင်ငံသို့ ပညာတော်သင်ခေါ်ယူရန်အတွက် လူတွေ့စစ်ဆေးအင်တာဗျူးပြုလုပ်ရန် အတွက် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

          ကျန်းစူးပြည်နယ်ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနတို့ ၂၀၁၅ခုနှစ် သြဂုတ်လ က လက်မှတ်ရေးထိုးခဲ့သည့်  “တရုတ်-မြန်မာကျောင်းသားများပညာတော်သင်စေလွှတ်ရေး ပူးပေါင်းဆောင် ရွက်မှု အစီအစဉ်” အရ ကျန်းစူးပြည်နယ် တက္ကသိုလ် ၄ခုတွင် မြန်မာကျောင်းသားအယောက် ၁၀၀ ကို  ၂၀၁၆ ခုနှစ် မေလ နှင့် ၂၀၁၉ခုနှစ် မတ်လအထိ  သုံးနှစ်တာကာလအတွင်း တရုတ်နိုင်ငံအတွင်းလေ့လာခွင့်၊ စက်ပစ္စည်းအကြောင်းများ သင်ယူ ခြင်း၊ ဓာတုစက်မှုလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းများ၊ စီးပွားရေး၊ စိုက်ပျိုးရေးအစရှိသည့် အထူးပြုဘာသာ ရပ်များ ကိုသင်ကြားခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါ အထူးပြုဘာသာရပ်များမှာ ဖွံဖြိုးတိုးတက်စမြန်မာနိုင်ငံ၏ စီးပွားရေး နှင့် လူမှုဘ၀တိုးတက်ရေးအတွက် လိုအပ်သော  နည်းပညာဆိုင်ရာ ပညာရှင်များ မွေးထုတ်နိုင်ရန်အတွက် အစီအစဉ်လည်း ဖြစ်သည်။  ယခုခေါ်ယူမည့် ပညာတော်သင် ကျောင်းသားကျောင်းသူများသည် ကျန်းစူးပြည်နယ်တက္ကသိုလ်၌ ပညာတော်သင်ကာလအတွင်း အခမဲ့ပညာ သင်ခွင့်နှင့် နေထိုင်ခွင့်များကိုရရှိမည်ဖြစ်သည်။တရုတ်-မြန်မာချစ်ကြည်ရေးအသင်းကြီးအနေဖြင့် အဆိုပါ ကျောင်းသားများ၏ တရုတ်ပြည်အတွင်း ၃ နှစ်စာ နေထိုင်စရိတ်ကို တာဝန်ယူပေးမည်ဖြစ်သည့် အပြင် အသွားအပြန်လေယာဉ်စရိတ်တစ်ခေါက်စာကိုပါ တာဝန်ယူပေးသွားမည်ဟု သိရသည်။

          ပညာတော်သင်ဆုရရှိသည့် ကျောင်းသားများမှာ လာမည့် ၂၀၁၆ ခုနှစ် မေ ၉ ရက်မှစ၍တရုတ်နိုင်ငံ နန်ကျင်းမြို့ရှိ  နန်ကျင်းစက်မှုလက်မှုနည်းပညာတက္ကသိုလ်၊ ကျန်းစူးစိုက်ပျိုးရေးနည်း ပညာတက္ကသိုလ်၊ ချန်ကျိုးအင်ဂျင်နီယာတက္ကသိုလ်၊ ယန်ကျိုးစက်မှုနည်းပညာကောလိပ် တို့တွင် ၃ နှစ်ကြာ တက်ရောက် ပညာသင်ကြားရမည် ဖြစ်ပြီး အဆိုပါ တက္ကသိုလ်အသီးသီးတွင် သက်ဆိုင်ရာ ဘာသာရပ်များအလိုက်  ကျွမ်းကျင်အဆင့်အထိ တတ်မြောက်ရန် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။