မြန်​မာ-တရုတ်​ချစ်​ကြည်​​ရေးအသင်းမှ ယူနန်​ ​ရေနံပိုက်​လိုင်းတစ်​​လျောက်​ရှိ ​ကျေးရွာများအတွက်​ ​ကျောင်း၁၆​ကျောင်း၊ ​ဆေးခန်း ၁၁ခန်းတည်​​ဆောက်​​ပေးခဲ့

(GMT+08:00)2017-12-15 16:38:54  CRI

မြန်​မာ-တရုတ်​ချစ်​ကြည်​​ရေးအသင်းမှ ယူနန်​ ​ရေနံပိုက်​လိုင်းတစ်​​လျောက်​ရှိ ​ကျေးရွာများအတွက်​ ​ကျောင်း၁၆​ကျောင်း၊ ​ဆေးခန်း ၁၁ခန်းတည်​​ဆောက်​​ပေးခဲ့

ရန်ကုန် မေ ၃၀

 မြန်မာနိုင်ငံအတွင်းမှ တရုတ်ပြည်နယ် ယူနန်အထိ ဆက်သွယ်ထားသည်ရေနံပိုက်​​လိုင်းတစ်​​လျောက်ရှိ ကျေးရွာများအတွက် ​​ကျောင်း ၁၆ကျောင်း၊ ဆေးရုံဆေးခန်း ၁၁ခန်းတို့ကို မြန်မာ-တရုတ်ချစ်ကြည်​​ရေးအသင်း မှ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း အသင်း ဥက္ကဌ ဦးစိန်ဝင်အောင်က မကွေးတိုင်း ကံမကျေးရွာ ကျောင်ဆောင် ပေးအပ်လှူဒါန်းပွဲတွင်​​ပြောကြားခဲ့သည်

မြန်​မာ-တရုတ်​ချစ်​ကြည်​​ရေးအသင်းမှ ယူနန်​ ​ရေနံပိုက်​လိုင်းတစ်​​လျောက်​ရှိ ​ကျေးရွာများအတွက်​ ​ကျောင်း၁၆​ကျောင်း၊ ​ဆေးခန်း ၁၁ခန်းတည်​​ဆောက်​​ပေးခဲ့

 ယူနန် ရေနံပိုက်လိုင်းတစ်​​လျောက် အနီးအနားမှကျေးရွာများအတွက် လိုအပ်ချက်များကို မြန်မာ-တရုတ်ချစ်ကြည်​​ရေး အသင်းမှ ​​ဆောင်ရွက်​​ပေးခဲ့ပြီး ကျောင်ဆေးရုံများအပြင် ကျေးရွာမီးလင်ရေး၊ ရေကန်တူးဖော်ခြင်း။ လမ်းခင်ဆောင်ရွက်ခြင်းများကို ပြုလုပ်​​ပေးခဲ့ကြောင်းသိရသည်

အဆိုပါလုပ်ငန်းများကို ရခိုင်ပြည်နယ် မြို့နယ် ၂ခု၊ မကွေးတိုင်းတွင် မြို့နယ် ၅ခု၊ မန္တလေးတိုင်းတွင် မြို့နယ်​​ ၆ခု နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၂ခုတို့တွင်​​ဆောင်ရွက်ခဲ့ကြောင်းသိရသည်

မြန်​မာ-တရုတ်​ချစ်​ကြည်​​ရေးအသင်းမှ ယူနန်​ ​ရေနံပိုက်​လိုင်းတစ်​​လျောက်​ရှိ ​ကျေးရွာများအတွက်​ ​ကျောင်း၁၆​ကျောင်း၊ ​ဆေးခန်း ၁၁ခန်းတည်​​ဆောက်​​ပေးခဲ့

မြန်မာ-တရုတ်ချစ်ကြည်​​ရေးအသင်းကို ၂၀၁၁ခုနှစ်ကစတင် ခဲ့ပြီး ပြည်သူများ၏ ပညာရေး၊ကျန်းမာရေး၊ လူမူရေး ကိစ္စများကို ဖြေရှင်ပေးရန် ဖွဲ့စည်းခဲ့သည့် အသင်းဖြစ်သည်

အောင်သော်ဖြိုး